အိန္ဒိယမှာ Remove China Apps ဒေါင်းယူသူ များပြား

(UNICODE+ZAWGYI) Android ဖုန်းတွင် တရုတ်လုပ်အက်ပ်များကို ခွဲခြားသတ်မှတ်ပြီး ၎င်းတို့အားဖယ်ရှားပေးသည့်

Android အက်ပ် ဖြစ်သော Remove China Apps သည် အိန္ဒိယနိုင်ငံတွင် သုံးစွဲသူများ ပျံ့နှံ့လျက်ရှိသည်။

၎င်းအက်ပ်သည် ဂူဂဲလ်ပလေး၏ အခမဲ့အက်ပလီကေးရှင်းများစာရင်း၏ထိပ်ဆုံးတွင်ရှိပြီး မေလ ၁၇ ရက်မှစ၍ အကြိမ်ပေါင်း ၅သန်း ကျော်ဒေါင်းလုပ်ဆွဲယူခဲ့သည်။ Coronavirus တရုတ်ပြည်တွင် အစပြုခဲ့ခြင်းနှင့် အိန္ဒိယ - တရုတ်နယ်စပ်အငြင်းပွားမှု ဖြစ်ပေါ်နေခြင်းများကြောင့် ဖုန်းထဲမှာ ရှိနေသည့် တရုတ်လုပ်အက်ပ်များကို ဖယ်ရှားကြခြင်း ဖြစ်သည်။

Remove China Apps ဆိုတာဘာလဲ။
အဆိုပါ တရုတ် အက်ပ်များ ဖယ်ရှား အမည်ရှိ အက်ပ်ကို ဖန်တီးသူ ပြောဆိုချက်မှာ app ကို
"ပညာရေးဆိုင်ရာရည်ရွယ်ချက်များအတွက်" ထုတ်လုပ်ခဲ့သည်။ ဖုန်းသုံးစွဲသူတို့က ဖုန်းထဲမှာ ထည့်ထားသည့် အက်ပ်များကို မည်သည့်နိုင်ငံမှ ထုတ်လုပ်သည်ကို သိရှိနိုင်ရန် စာရင်းထုတ်ပြီး ပသပေးသည်ဟု ဆိုသည်။ သို့သော် Remove China Apps တရုတ် အက်ပ်များ ဖယ်ရှား ဟု အမည်ပေးထားသည့်အတိုင်း တရုတ် အက်ပ်များကိုသာ စာရင်းထုတ်ပေးပြီး ဖုန်းသုံးစွဲသူ အလွယ်တကူ ဖယ်ရှားဖို့ စီစဉ်ပေးထားသည်။ သို့ဖြစ်ရာ သုံးစွဲသူများက သူတို့ဆန္ဒရှိပါက Remove China Apps မှတစ်ဆင့် ဖယ်ထုတ်နိုင်သည်။

Google Play တွင် မေလ ၁၇ ရက်မှာ စတင်ပေးခဲ့ပြီး download ရယူသူ ၅ သန်းကျော်သွားပြီ ဖြစ်သည်။

Playstore Link

https://play.google.com/store/apps/details?id=com.chinaappsremover&hl=en

 

နောက်ဆုံးရသတင်း ဖတ်ရှုရန် ခေါင်းစဉ်ကို ထိပါ

အိန္ဒိယမှ 'Remove China app' ကို Google က Play store မှ ဖယ်ရှားလိုက်ပြီ






 

Playstore Link


 


Read times
Rate this item
(1 Vote)