အသုံးနည်းပေမဲ့ အသုံးတည့်တဲ့ F1 Key

 ဝင်းဒိုးအတွက် ကီးဘုတ်မှာ  function key တွေအဖြစ်  F1 ကနေ F12 အထိ တန်းစီပေးထားတယ်။

မသုံးဖြစ်တာ များပေမဲ့ တကယ် အသုံးတည့်လို့ တမင် ထည့်ပေးထားတာ ဖြစ်ပါတယ်။

လက်ချထားရင် အဝေးဆုံးနေရာမှာ ရှိနေတဲ့ အတန်းဖြစ်လို့ မသုံးဖြစ်ကြတာလား။ ဘာတွေအတွက် ဘယ်လို သုံးသလဲ မလေ့လာမိလို့ မသိသေးတာကြောင့် မသုံးတာလား။

အဲဒီ  function key တွေကို လုပ်ကိုင်ပေးမယ့် function ကို pre-set  လုပ်ပေးထားတယ်။ ပြောင်းချင်ရင် ပြောင်းလဲသတ်မှတ်ပေးလို့ရတယ်။ အခု တင်ပြသွားမှာကတော့ pre-set  လုပ်ပေးထားတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။  fn Key ကို ထိထားပြီး  function key ကို နှိပ်လိုက်ရင် လုပ်ကိုင်ပေးတဲ့ short cut အကြောင်း မဟုတ်ဘဲ  fn Key မပါဘဲ နှိပ်ရင် ဘာလုပ်ပေးသလဲဆိုတာကိုသာ တင်ပြသွားမှာ ဖြစ်ပါတယ်။

ဦးစွာ ပထမ  F1 Key ကို မိတ်ဆက်ပေးလိုပါတယ်။

 

F1

help ကူညီရေးအတွက် စာမျက်နှာကို ဖွင့်ထုတ်ပေးတယ်။

 

 

တကယ်လို့ chrome ဖွင့်ထားရင်း နှိပ်ရင်လည်း ကူညီရေးဆီကိုပဲ ရောက်ပါတယ်။ Google Chrome Help ရဲ့ အစပြုရာ ဝဘ်စာမျက်နှာကို ဖွင့်ပေးပါတယ်။

 

 

Excel နဲ့  Word  တို့မှာတော့ CTRL နဲ့  F1တွဲသုံးရင်   ribbon menu ဖျောက်တာ ပြန်ပေါ်တာ လုပ်ပေးပါတယ်။ 

 

Read times
Rate this item
(0 votes)