ပြင်ချက်တွေအတွက် F2 Key

 ဝင်းဒိုးအတွက် ကီးဘုတ်မှာ  function key တွေအဖြစ်  F1 ကနေ F12 အထိ တန်းစီပေးထားတယ်။

မသုံးဖြစ်တာ များပေမဲ့ တကယ် အသုံးတည့်လို့ တမင် ထည့်ပေးထားတာ ဖြစ်ပါတယ်။

လက်ချထားရင် အဝေးဆုံးနေရာမှာ ရှိနေတဲ့ အတန်းဖြစ်လို့ မသုံးဖြစ်ကြတာလား။ ဘာတွေအတွက် ဘယ်လို သုံးသလဲ မလေ့လာမိလို့ မသိသေးတာကြောင့် မသုံးတာလား။

အဲဒီ  function key တွေကို လုပ်ကိုင်ပေးမယ့် function ကို pre-set  လုပ်ပေးထားတယ်။ ပြောင်းချင်ရင် ပြောင်းလဲသတ်မှတ်ပေးလို့ရတယ်။ အခု တင်ပြသွားမှာကတော့ pre-set  လုပ်ပေးထားတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။  fn Key ကို ထိထားပြီး  function key ကို နှိပ်လိုက်ရင် လုပ်ကိုင်ပေးတဲ့ short cut အကြောင်း မဟုတ်ဘဲ  fn Key မပါဘဲ နှိပ်ရင် ဘာလုပ်ပေးသလဲဆိုတာကိုသာ တင်ပြသွားမှာ ဖြစ်ပါတယ်။

ဦးစွာ ပထမ  F2  Key ကို မိတ်ဆက်ပေးလိုပါတယ်။

Excel မှာ ဆဲလ်တစ်ခုကို ဝင်ပြင်ရတဲ့အခါ အဲဒီဆဲလ်ကို ရွေးချယ်ထားပြီး F2 ကို တစ်ချက်နှိပ်လိုက်ရင် ဆဲလ်ဟာ edit mode ပြောင်းသွားပြီး ပြင်ချက်ကို ပြင်ဖို့အသင့် ဖြစ်နေပါလိမ့်မယ်။

 

ဒီဆဲလ်ကို ရွေးချယ်ထားပြီး F2 ကို တစ်ချက်နှိပ်လိုက်ရင်  

 

 edit mode ပြောင်းသွားမှာ ဖြစ်ပါတယ်။

 

ရွေးချယ်ထားတဲ့ ဖိုင်တစ်ခု ဖြစ်ဖြစ် ဖိုင်တွဲတစ်ခုဖြစ်ဖြစ် အမည်ပြောင်းချင်ရင် 

F2 ကို တစ်ချက်နှိပ်လိုက်တဲ့အခါ အမည်ပြောင်းရန်အသင့် အနေအထားကို ရောက်ရှိမှာ ဖြစ်ပါတယ်။

ပြောင်းပေးလိုတဲ့ ဖိုင်အမည်ကို စာရိုက်ထည့်ပေးပြီး ပြောင်းလဲနိုင်ပါတယ်။

 

တကယ်လို့ တစ်ခုထက်မက ရွေးထားရင်လည်း ပြောင်းပေးပါတယ်။ ဥပမာ ဖိုင် ၄ ခု ရွေးထားခြင်း၊ ဖိုင်တွဲ ၅ ခု ရွေးထားခြင်း။ ပေးလိုက်တဲ့ အမည်သစ်ရဲ့ နောက်မှာ ဂဏန်းစဉ် ထိုးပြီးပြောင်းလဲပေးလိုက်မှာ ဖြစ်ပါတယ်။

 

 

ဖိုင်တွဲ folder ကိုလည်း အလားတူ လုပ်ကိုင်ပေးနိုင်ပါတယ်။

 

Microsoft Word ဖိုင်တစ်ခု ဖွင့်ထားစဉ် Ctrl + F2  နှိပ်လိုက်တဲ့အခါ အဲဒီ Word ဖိုင်ရဲ့  print preview ကို ပြသပေးပါတယ်။

 

 

Microsoft Office ရဲ့ Excel, Word စတာတွေမှာ Alt + Ctrl + F2 နှိပ်ပေးလိုက်ရင် Documents Folder ကို ဖွင့်ပေးပါလိမ့်မယ်။

Read times
Rate this item
(0 votes)