Adobe Flash Player ယခုနှစ်ကုန် အပြီးအပိုင် ရပ်ဆိုင်းမည်

Adobe က Flash Player ကို ယခုနှစ်ကုန် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်တွင်

ဆော့ဖ်ဝဲလ် သက်တမ်းကုန်ဆုံးEnd-Of-Life (EOL) သည့်အခါ ကွန်ပျူတာများမှာ uninstall လုပ်ရန် သုံးစွဲသူများကို အသိပေးကြေညာသည်။

Adobe က အသိပေးထားသည်မှာ Flash Player သည် EOL ရက်စွဲကို ရောက်ရှိသည့်နောက်တွင် ယခင်လို updates ပေးတော့မည် မဟုတ်သည့်အပြင် Flash Player ရယူရန် ထားရှိသည့် download links များ အကုန်လုံးကို ၎င်း၏ ဝဘ်ဆိုက်များမှ ဖယ်ရှားပစ်မည် ဖြစ်သည်။
ထို့ပြင် Flash Player အခြေပြုပြီး ဖန်တီးထားသည်များ ဝဘ်ဆိုက်တွင် လုပ်ကိုင်ခြင်းကိုလည်း ပိတ်ဆို့ထားမည် ဖြစ်သည်။ ထို့အတွက် Flash Player code ထဲတွင် ချိန်ကိုက်ဗုံး ထည့်ပေးထားမည်ဖြစ်ပေရာ နောင်နှစ် နှစ်ဆန်းတစ်ရက်နေ့မှစ၍ အသုံးပြု၍ ရတော့မည် မဟုတ်ချေ။
အဘယ်ကြောင့် ပြင်းပြင်းထန်ထန် ကိုင်တွယ်ရန် ဆုံးဖြတ်ချက် ချရသနည်း။ အကြောင်းတစ်ချက်မှာ Flash Player သည် ဟက်ကာနှင့် malware ရေးသားသူများ အသုံးချနေကြသောကြောင့် ဖြစ်သည်။ သို့ဖြစ်ရာ Flash Player သုံးစွဲသူများသည် သားကောင်အဖြစ်သို့ ရောက်နေကြရသည်။

Adobe သည် Flash Player ၏ EOL ရက်စွဲကို ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် ကြေညာခဲ့သည်။ ဘရောင်စာများတွင် အဓိကကျသည့် Apple, Google, Microsoft နှင့် Mozilla တို့ အားလုံးကို အသိပေးထားသည်။ ထိုစဉ်က Facebook သည် Flash Player ကို အကြီးအကျယ် အားကိုးအားထား ပြုနေချိန် ဖြစ်သည်။ အထူးသဖြင့် ၎င်း၏ အွန်လိုင်းဂိမ်း ပလက်ဖောင်းအတွက် ဖြစ်သည်။
EOL ကြေညာပြီးသည့်နောက်တွင် Facebook က ဂိမ်းပြုလုပ်သူများကို HTML5 နှင့် JavaScript အခြေပြု နည်းပညာသို့ ပြောင်းရွှေ့အခြေချလုပ်ကိုင်ရန် တောင်းဆိုခဲ့သည်။
ဘရောင်စာတို့က မိမိဘရောင်စာတွင် Flash Player ကို disable လုပ်ထားလိုက်ကြသည်။

ကြေညာချက် အပြည့်အစုံ ဖတ်ရှုရန်
https://www.adobe.com/products/flashplayer/end-of-life.html

 

Read times
Rate this item
(1 Vote)