Telegram messenger မှာ ဗီဒီယို ခေါ်ဆိုမှု စတင်

Telegram messenger ဟာ messenger တွေထဲမှာ အပီပြင်ဆုံး messenger တစ်ခုဖြစ်ပြီး

နည်းပညာပိုင်းမှာလည်း မြင့်မားပေမဲ့ အားနည်းချက် တစ်ခု ရှိနေတာက ဗီဒီယို ခေါ်ဆိုမှု မပါတာ ဖြစ်ပါတယ်။  version  6.3 မှာ ထည့်သွင်းပေးထားပါတယ်။

 

ဗီဒီယို ခေါ်ဆိုမှုကို စတင်ဖို့ စခရင်အောက်ခြေနားမှာ ရှိတဲ့ “Experimental Feature” ခလုတ်ဖွင့်ထားရမှာ ဖြစ်ပါတယ်။ 

စမ်းသပ်အဆင့်အပြီးမှာ နောက်တစ်ဆင့်ထပ်ထုတ်တဲ့ဗာရှင်းမှာတော့ Android အတွက်လည်း ပါလာနိုင်ပါတယ်။ 

 

 

Telegram ကို Google Play Store မှာ ရယူတဲ့ကြိမ်ရေ သန်း ၅၀၀ ကျော် ရှိနေပြီဖြစ်ပါတယ်။ ဖုန်းတွေမှာ တခြား စာပို့အက်ပ်တွေလို စက်ရုံထုတ်မှာ ထည့်ပေးလိုက်ခြင်း မပြုပါဘူး။ ဖုန်းသုံးသူ ဆန္ဒရှိမှသာ download ရယူပြီး သုံးစွဲစေပါတယ်။

 

 

 Facebook က ပိုင်ဆိုင်တဲ့ စာပို့အက်ပ် WhatsApp က download ကြိမ်ရေ ၅ ဘီလျံကျော် ရှိတာမို့ Telegram  အနေဖြင့် လိုက်မီဖို့ အဝေးကြီး လိုပါသေးတယ်။ ဒါပေမဲ့ Telegram ကို သုံးစွဲပြီးတဲ့အခါ အားသာချက်တွေကို သိရှိပြီး ဆက်လက်သုံးစွဲဖြစ်ကြပါတယ်။ မပေါက်ကြားဖို့ လုံခြုံရေးအတွက် end-to-end encryption စီစဉ်ပေးထားပါတယ်။ cloud storage, folders နဲ့  cross-platform support ရရှိတာဟာလည်း Telegram ရဲ့ ထူးခြားချက် ဖြစ်ပါတယ်။ နောက်ထပ် အားသာချက် တစ်ခုဟာ ကုမ္ပဏီမှ ပေးထားတဲ့ အင်တာနက်ဖြင့် လက်ပ်တော့နဲ့ စားပွဲတင် ကွန်ပျူတာ စခရင်မှာ သုံးစွဲတဲ့အခါ WhatsApp နဲ့ WeChat တို့က အကောင့်ဖွင့်ထားတဲ့အက်ပ် ထည့်ထားတဲ့ ဖုန်းရှိမှ စချိတ်လို့ ရတယ်။ Telegram က သီးခြား ရပ်ထည်ပြီး ချိတ်လို့ ရတာမို့ ဖုန်ကနေတစ်ဆင့် ချိတ်ဖို့ မလိုအပ်ဘူး။ အနားမှာ ဖုန်းမရှိလည်း အကောင့်ကို ဝင်သုံးလို့ ရနေစေတယ်။

Playstore သို့ သွားယူရန် ပုံကို ထိပါ

 

 

Appstore သို့ သွားယူရန် ပုံကို ထိပါ

Read times
Rate this item
(0 votes)