Tech Tips: Gmail မှာ email အများကြီးကို တစ်ချက်တည်းနဲ့ ဘယ်လို ဖျက်ကြသလဲ

ဂူဂဲရဲ့ သိုလှောင်မှု ပမာဏ ကန့်သတ်ချက်အသစ်အရ ဂျီမေးအကောင့်တစ်ခုကို 15GB ပဲ ရတော့မယ်။

အဲဒီ 15GB မှာ ဂျီမေးမှာ ရှိတဲ့ အီးမေးလ်တွေအပြင် Google drive မှာ သိမ်းထားတဲ့ ဖိုင်တွေ၊ Google photos မှာ သိမ်းဆည်းထားတာတွေကိုပါ ထည့်တွက်မှာဆိုတော့ 15GB ဆိုတာ ကုန်သွားမှာ။

အဲဒီအခါကျ ဖျက်ပစ်စရာတွေက Google photos မှာ သိမ်းဆည်းထားတဲ့ ပုံတွေ ဗီဒီယိုတွေမှာ မလိုအပ်တာတွေ ဖျက်ပစ်ရမယ်။ ပြီးတော့ ဂျီမေးမှာ ဝင်ထားတဲ့ အီးမေး‌တွေ ဖျက်ပစ်ပြီး ဝိတ်လျှော့ရလိမ့်မယ်။

အဲဒီလို အီးမေးတွေ ဖျက်ရတဲ့အခါ အစုလိုက်အပြုံလိုက်ကို တစ်ချက်တည်းနဲ့ ဖျက်ပစ်နိုင်မှ အချိန်ကုန ်သက်သာမယ်။ ဖိုင်တွေ attach တွဲထားတဲ့ အီးမေးတွေက ပိုလေးလံတယ်။ အဲဒီအီးမေးတွေကို ရွေးထုတ်ပြီး ဖျက်ပစ်ဖို့လည်း လိုလိမ့်မယ်။

 

နည်းနည်းပါးပါး ဖျက်တာလောက်ကတော့ ဖုန်းနဲ့ ဖျက်လို့ ရပေမဲ့ အစုလိုက်အပြုံလိုက် ဖျက်ဖို့အတွက် ကွန်ပျူတာ လက်ပ်တော့ဖြစ်ဖြစ် ဒက်စ်တော့ဖြစ်ဖြစ် သုံးဖို့ လိုမယ်။ 

 

ဂျီမေးရဲ့ Inbox မှာ tab တွေ ရှိတယ်။ ဖျက်ချင်တဲ့ အီးမေးလ်တွေ ရှိတဲ့ tab တစ်ခုကို ရွေးချယ်ပြီး ဖွင့်လိုက်ပါ။ ဥပမာ  promotional ၊ social 

အဲဒီမှာ ရှိနေတဲ့ အီးမေးတွေမှာ တစ်ခါမှ ဖွင့်မကြည့်ထားတာတွေ တစ်ပုံကြီး အစီအရီ ရှိနေတယ်။

Tab ကို ရွေးချယ်ပြီး ဖွင့်ထားလိုက်ပြီးတဲ့အခါ အပေါ်ဘက် ဝဲထောင့်နားမှာ  Select all ကို ရွေးချယ်လို့ ရတဲ့ စတုရန်းကွက် သေးသေးလေး ရှိတယ်။ သူ့ဘေးမှာ အောက်စိုက်မြားဦးလေးရှိတာကို ကလစ်လုပ်ပြီး all ကို ရွေးလိုက်ပါ။ 

 စတုရန်းကွက်ကလေးကို ကလစ်တစ်ချက်လုပ် ရွေးချယ်ပြီးတော့လည်း လုပ်လို့ရပါတယ်

ပြီးရင် ရွေးချယ်စရာ နှစ်မျိုးပေးထားတာမှာ  

“Select all  မက်ဆေ့ခုရေ (ပုံမှာ 941)  conversations in Social

 ဆိုတာ ရွေးလိုက်ပါ။

နောက်ကြောင်း ပြန်လှည့်ချင်ရင်

Clear selection

ကို ကလစ် လုပ်လိုက်ပါ။

 ဖျက်မယ်ဆိုရင်တော့ အမှိုက်ပုံးကို ကလစ် လုပ်လိုက်ပါ ။

နောက်ကြောင်းပြန်လှည့်ချင်ရင် Cancel ကို ကလစ်လုပ်ပါ။

ရှေ့ဆက်မယ်ဆိုရင် OK ကို ကလစ်လုပ်ပြီး အတည်ပြုပေးလိုက်ပါ။

ဖျက်ပေးနေတာကို ခဏတော့ စောင့်ပေးရပါလိမ့်မယ်။

အဲဒီလို စောင့်ရတဲ့ တစ်ခဏလေးမှာပဲ social ထဲကို မက်ဆေ့တွေ ထပ်ဝင်လာတာ ရှိရင်တော့ အဲဒီမက်ဆေ့တွေ ဖျက်တဲ့အထဲ မပါဘဲ ကျန်နေပါလိမ့်မယ်။ နောက်တစ်ကြိမ် ထပ်ဖျက်ပေးမှ ပျက်ပါလိမ့်မယ်။

တကယ်လို့ နဂိုက အမှတ်အသားတွေ လုပ်ပေးထားတယ် ဆိုရင်တော့ ခုနက ပြောတဲ့  အောက်စိုက်မြားဦးလေးရှိတာကို ကလစ်လုပ်ပြီး ပွင့်ကျလာတဲ့အထဲမှ 

none read, 

unread, 

starred, 

unstarred တို့မှာ 

ဖျက်ချင်ရာ တစ်မျိုးမျိုးကို ရွေးချယ်ပေးပြီး ဖျက်လို့ ရပါတယ်။

ပွင့်လက်စ စာမျက်နှာ ဖော်ပြထားတဲ့ အီးမေးတွေကိုပဲ ဖျက်ချင်ရင်တော့ ခုနကပြောတဲ့ စတုရန်းကွက်ကလေးကို ကလစ်တစ်ချက်လုပ် ရွေးချယ်ပြီး အမှိုက်ပုံးကို ကလစ်လုပ်ပြီး ဖျက်လို့ ရပါတယ်။ 

ဖျက်ပြီးကာမှ မှားဖျက်မိတာတွေ ပါကုန်တယ်ဆိုရင် ရက် ၃၀ အတွင်း ပြန်ယူလို့ ရပါတယ်။ Trash မှာ သွားရှာပြီး ပြန်ယူနိုင်ပါတယ်။ ရက် ၃၀ ကျော်သွားပြီးမှ လိုချင်ရင်တော့ မရနိုင်တော့ဘူး.

ဖိုင်အရွယ်ကြီးတဲ့ မေးလ်တွေကိုပဲ ဖျက်ချင်တယ်ဆိုရင် အပေါ်ထိပ်မှာ ရှိတဲ့ ရှာဖွေမှူအတွက် search mail bar မှာ ဖိုင်အရွယ်ရိုက်ထည့်ပြီး ရှာခိုင်းလိုက်ရင် ဖိုင်ကြီးတာတွေ ရွေးထုတ်ပေးမယ်။ 

ပိုပြီး တိတိကျကျ ဖြင့် ရှာခိုင်းချင်ရင်တော့ search mail bar ရဲ့ ညာစွန်မှာ ရှိတဲ့ အောက်စိုက်မြားဦးကို ကလစ်လုပ်ရင်

 ကျလာတဲ့ ပုံစံဖောင်မှာ လိုအပ်ချက်တွေ ဖြည့်သွင်းပြီး ရှာခိုင်းလို့ ရပါတယ်။

ပို့တဲ့သူအရ

လက်ခံသူအရ 

အကြောင်းအရာအရ

ပါဝင်တဲ့ စကားလုံးတွေအရ

မပါဝင်တဲ့ စကားလုံးတွေအရ

အရွယ်အစားအရ ပိုကြီးသော/ ပိုသေးသော 

ရက်အပိုင်းအခြား

စသဖြင့် ရှာစေချင်တဲ့ အချက်အလက်အရ ရှာခိုင်းပြီး ဖျက်လို့ ရပါတယ်။ 

မထည့်ချင်တဲ့ အချက်တွေကို မဖြည့်ဘဲ ထားလိုက်ပါ။ ဿပမာ ပို့တဲ့သူအရ ရှာချင်ရင် အဲဒီသက်ဆိုင်ရာ အကွက်တစ်ခုကိုပဲ ဖြည့်ပြီး ရှာပါ/

တကယ်လို့ ဖိုင်အရွယ်အစားအရ ရက်အပိုင်းအခြားအရ ရှာချင်ရင် အဲဒီအတွက် အကွက်နှစ်ခုကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။ 

အမှိုက်ပုံး Trash က Compose အောက်တည့်တည့်အကွက် အောက်ဘက်ကို ဆင်းသွားလိုက်ရင် တွေ့ပါလိမ့်မယ်။  Trash ထဲ ရောက်နေတာတွေဟာ ရက် ၃၀ အကြာမှာ အလိုလို ဖျက်ပစ်ပါလိမ့်မယ်။ ရက် ၃၀ အတွင်း ပြန်ယူချင်တာ ယူလို့ ရပါတယ်။

တကယ်လို့ ရက် ၃၀ မစောင့်ချင်ဘူး၊  15GB ပြည့်နေလို့ အရေးတကြီး ဖယ်ရှင်းလို့ လိုအပ်နေတယ်ဆိုရင်တော့ Trash  ကို ကလစ်လုပ်လိုက်ရင် Trash  မှာ ရောက်နေတဲ့ အီးမေးစာရင်းပေါ်လာမယ်။ select လုပ်ပြီး ဖျက်ခိုင်းလိုက်ရင် ချက်ချင်း ဖျက်ပေးပါလိမ့်မယ်။

 

Read times
Rate this item
(0 votes)