အာရှတွင် အသုံးများလာသည့် ဒစ်ဂျစ်တယ်‌ ငွေကြေး၀န်ဆောင်မှု

၂၀၂၅ ခုနှစ်တွင် အာရှ၏ အင်တာနက်သုံးစွဲသူ ၅၀ ရာခိုင်နှုန်းကျော်သည် ဒစ်ဂျစ်တယ်‌ ငွေကြေး၀န်ဆောင်မှုကို အသုံးပြုလိမ့်မည်ဟု UnaFinancial က လေ့လာဆန်းစစ်ချက် ထုတ်ပြန်ပါသည်။

၂၀၂၇ ခုနှစ်တွင် ဒေသတွင်း၌ ဒီဂျစ်တယ်ပိုင်းတွင် ဖွံ့ဖြိုးမှုနည်းပါးသောနိုင်ငံများပင်လျှင် လူ ဦး ရေ၏ ၈၅ ရာခိုင်နှုန်းကို အင်တာနက်နှင့် ဒီဂျစ်တယ်နည်းပညာများ အသုံးပြုနိုင်စေလိမ့်မည်ဟုလည်း ခန့်မှန်းထားသည်။
အဆိုပါ လေ့လာဆန်းစစ်ချက် သုတေသနကို ကမ္ဘောဒီးယား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ လာအို၊ မြန်မာ၊ ဖိလစ်ပိုင်၊ သီရိလင်္ကာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများရှိ ဒစ်ဂျစ်တယ် ငွေကြေး ဝန်ဆောင်မှုများ ထိုးဖောက်ပျံ့နှံ့မှုကို ဆန်းစစ်ပေးထားသည်။
အွန်လိုင်းဘဏ္ဍာရေး ၀ န်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်မှုသည် အင်တာနက်သုံးစွဲခွင့် ရရှိမှုအပေါ်များစွာ မူတည်နေသဖြင့် လေ့လာသုံးသပ်သူများက နိုင်ငံတစ်နိုင်ငံချင်းစီအတွက် အင်တာနက်ထိုးဖောက်နိုင်မှုကို အရင်ဆုံး ခန့်မှန်းခဲ့ကြသည်။ လူဦးရေ၏ အသက်အရွယ် တည်ဆောက်ပုံပေါ် မူတည်၍ အင်တာနက်ထိုးဖောက်နိုင်မှုအဆင့်သည် ၈၁-၈၅% အထိ မြင့်နိုင်သည်။

pasted_image_016.png


အင်တာနက် ထိုးဖောက်ရောက်ရှိနှုန်းသည် ပြီးခဲ့သည့် နှစ်ကာလများကို ထည့်သွင်းစဉ်းစားသည့်အပြင် ဒစ်ဂျစ်တယ် ဖြစ်စေရေးအတွက် အစိုးရတို့၏ လုပ်ကိုင်ဆောင်ရွက်မှုများနှင့် Covid-19 သက်ရောက်မှုတို့ကိုလည်း ထည့်သွင်းချင့်ချိန်ခဲ့သည်။

လေ့လာသုံးသပ်သူများကမူ ၂၀၂၅ ခုနှစ်တွင် ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ အိန္ဒိယနှင့် သီရိလင်္ကာတို့မှာ အင်တာနက်ထိုးဖောက်ရောက်ရှိမှု ၈၁-၈၅% အထိ ရောက်ရှိလိမ့်မည်ဟု ခန့်မှန်းထားသည်။

ကျန်နှစ်နိုင်ငံ ဖြစ်သော လာအိုနှင့် မြန်မာတို့သည် ၂၀၂၇ ခုနှစ်တွင် ထိုအဆင့်သို့ ရောက်ရှိလိမ့်မည်။

နိုင်ငံတစ်နိုင်ငံချင်းစီအတွက် အင်တာနက် အမြင့်ဆုံး ထိုးဖောက်ရောက်ရှိနိုင်သည့် နှုန်းအရ ကျွမ်းကျင်သူများက ဒီဂျစ်တယ်ငွေကြေး၀န်ဆောင်မှုများ ထိုးဖောက်ရောက်ရှိနှုန်းကို ခန့်မှန်းကြသည်။
ကြိုတင်ခန့်မှန်းချက်ကို အွန်လိုင်းငွေစာရင်းရှိသည့်သူများ၏ နိုင်ငံလူဦးရေတွင် ဝေစုနှင့် ပြီးခဲ့သည့်နှစ်များအတွင်း တိုးများလာသည့် ပါဝင်ပတ်သက်သူဦးရေတို့ဖြင့် စဉ်းစားထားသည်။

 

pasted_image_017.png

၂၀၂၅ မှ ၂၀၂၇ အတွင်းတွင် နိုင်ငံအများစုမှာ အင်တာနက်အသုံးပြုသူတို့၏ ၅၀ ရာခိုင်နှုန်းကျော်သည် ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုကို အသုံးပြုလိမ့်မည်ဟု အဖြေထွက်သည်။ အိန္ဒိယ၊ ထိုင်း၊ ဖိလစ်ပိုင်နှင့်အင်ဒိုနီးရှားတို့တွင် ဘဏ္ဍာရေး ၀ န်ဆောင်မှုထိုးဖောက်ရောက်ရှိမှု ရေချိန်သည် ၆၂ ရာခိုင်နှုန်းမှ ၆၉% အထိမြင့်မားမည်။ ဤအတောအတွင်း ကမ္ဘောဒီးယား၊ လာအိုနှင့်မြန်မာနိုင်ငံတို့တွင် နှိုင်းစာပါက နည်းနေဦးမည် ဖြစ်သည်။ ထိုနှစ်နိုင်ငံတွင် အကယ်၍ အစိုးရအနေဖြင့် ငွေကြေးနည်းပညာများ ဖွံ့ဖြိုးတိုးတက်စေရန် အခြေခံမူဘောင်နှင့် ဒစ်ဂျစ်တယ်နှင့် ငွေကြေးဆိုင်ရာ တတ်သိမှုများ တိုးမြှင့်ရေးကို ပေါင်းစပ်ပြီး လုပ်ဆောင်မည် ဆိုပါက အွန်လိုင်းငွေကြေး ၀န်ဆောင်မှု ဖွံ့ဖြိုးတိုးတက်မှုသည် ပိုမိုမြန်ဆန်သွားနိုင်သည်။

Read times
Rate this item
(0 votes)