Samsung ရဲ့ 4K HDR10+ အနီးကပ် Projector

ကမ္ဘာ့ပထမဆုံး HDR10+ နံရံအနီးကပ် ပရိုဂျက်တာကို triple laser technology ဖြင့် ထုတ်လုပ်ရောင်းချမှာ ဖြစ်ကြောင်း Samsung က ပြီးခဲ့တဲ့ လမှာ ကြေညာခဲ့ပြီး

ယခုအခါ ရွေးချယ်စရာ မော်ဒယ်နှစ်မျိုးဖြင့် ထုတ်လုပ်ရောင်းချပါတယ်။ ဈေးကတော့ မသေးပါဘူး။

ပိတ်ကားအဖြစ် အသုံးပြုမယ့် နံရံအနီးမှာ ထားပြီး ပြသနိုင်တာမို့ ultra-short throw projector လို့ ခေါ်ဝေါ်ထားပြီး Brand အမည်ကိုတော့ The Premiere လို့ အမည်ပေးထားပါတယ်။ 4K resolution ဖြစ်ပြီး တောက်ပမှု 2,800 ANSI lumens ရှိပါတယ်၊
အခန်းနံရံကို ပိတ်ကားအဖြစ် အသုံးပြုပြီး ရုပ်ရှင်ပိတ်ကားမှာ ကြည့်ရသလိုမျိုး ကြည့်နိုင်ပါတယ်။ အဲဒီအတွက် အခန်းကို မှောင်ချထားဖို့ မလိုအပ်ပါဘူး။

ဈေးသက်သာတဲ့ မော်ဒယ်က လက်မ ၁၂၀ ပုံရိပ်ထုတ်ပြပေးမယ့် LSP7T ဖြစ်ပြီး ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၃,၅၀၀ ဖြစ်ပြီး ဈေးပိုကြီးတဲ့ မော်ဒယ်က လက်မ ၁၃၀ ပုံရိပ်ထုတ်ပြပေးမယ့် LSP9T ဖြစ်ပြီး ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၆,၅၀၀ ဖြစ်ပါတယ်၊ ပုံရိပ် ၁၀ လက်မ ပိုကျယ်တာအတွက် အမေရိကန်ဒေါ်လာ ၃,၀၀၀ တောင် ပိုပေးရမှာလားလို့ မေးစရာ ဖြစ်နေပါတယ်။
ဈေးကွာခြားမှု များပြားနေရတာက အရွယ်အစားသာမက အရည်အသွေးမှာလည်း ကွာခြားနေလို့ ဖြစ်ပါတယ်။

LSP9T မှာ 40W 4.2 channel audio system ကို သုံးထားပြီး
LSP7T မှာတော့ 30W 2.2 channel system ကိုသာ သုံးထားပါတယ်။ LSP7T ရဲ့ တောက်ပအားမှာ အကန့်အသတ် ရှိနေပါတယ်။ ၂,၂၀၀ lumen အထိသာ အများဆုံး ရနိုင်မှာ ဖြစ်ပါတယ်၊

Read times
Rate this item
(0 votes)