တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့တွင် အော်တိုတယ်လီဖုန်းနံပါတ်များပြောင်းလဲ

Call Forward ဝန်ဆောင်မှုကို ပြောင်းလဲတပ်ဆင်သည့်နေ့မှစ၍ (၃)လအထိမြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှအခမဲ့ပေးထားမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေးနှင့်ခေတ်မီ ဝန်ဆောင်မှုများကိုပေးနိုင်ရန်အတွက် ဖော်ပြပါ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိအိတ်ချိန်းများ ကိုခေတ်မီအိတ်ချိန်းစက်များနှင့်ပြောင်း လဲ တပ်ဆင်ပြီးကေဘယ်လ်ကွန်ရက်စနစ် (Copper Cable Network) အား မြန်နှုန်းမြှင့် သတင်းအချက်အလက်ဝန်ဆောင်မှုပေးနိုင်သည့် ဖန်ကြိုးမျှင် (Fiber Cable)အသုံးပြုတယ်လီဖုန်း စနစ်နှင့်ကြိုးမဲ့စနစ်သုံး (Wireless)တယ်လီဖုန်းများဖြင့်ပြောင်းလဲတပ် ဆင်မည်ဖြစ်ပါသဖြင့် အော်တိုတယ်လီဖုန်းနံပါတ်များပြောင်းလဲသွားမည်ဖြစ်သည်။
နံပါတ်အဟောင်းမှနံပါတ်အသစ်သို့ပြောင်းလဲစဉ်ကာလအတွင်းတွင်မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ မိမိတို့၏ ဝန်ဆောင်မှုကို အသုံးပြုနေသူများ ဆက်သွယ်မှုအဆင်ပြေစေရန် Call Forward ဝန် ဆောင်မှုကို ပြောင်းလဲတပ်ဆင်သည့်နေ့မှစ၍(၃)လအထိအခမဲ့ပေးထားမည်ဖြစ်ပြီးသုံးစွဲသူများသည် နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်းတွင် လက်ရှိနံပါတ် (သို့မဟုတ်) နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ထားသည်။

Transcom News Journal

 

Read times
Rate this item
(0 votes)