Windows10 က သင့်ရဲ့ screen ကို video record လုပ်ဖို့ third party software တွေမလိုပါဖူး။ ယခုပြောပြပေးမှာကတော့ သင်မြင်နေရတဲ့ screen ကြီးကို Windows 10 မှာ ဘယ်လို capture လုပ်မလဲဆိုတာပဲဖြစ်ပါတယ်။
Game Bar ကဂိမ်းဆော့ဖို့အတွက်ပဲ မဟုတ်ပါဖူး!!!
Windows 10’s screen capture toolဟာ Xbox Game Barရဲ့ အစိတ်အပိုင်းတစ်ခုလိုပဲ ဖြစ်ပါတယ်။ နာမည်ကGame bar ဆိုပေမဲ့လည်း ဂိမ်းကစားရုံပဲ မဟုတ်ပါဖူး။ Screen Recording ကိုလည်း လုပ်ပေးပါတယ်။
အဆိုပါ tool ဟာ သင့်ကို H.264 (MP4 format) အတိုင်း video record လုပ်ပေးပါတယ်။
Screen recording ဆိုတာ “Capture” widget ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ “Widget Menu” feature မှာရှိတဲ့ Game Bar ကနေတစ်ဆင့် သွားရပါတယ်။ "Widget Menu" ကိုအသုံးပြုချင်တယ်ဆိုရင်တော့ Windows 10’s May 2019 update or later ဖြစ်ဖို့လိုပါလိမ့်မယ်။
Windows 10 မှာ Screen Capture ကိုဘယ်လို စသုံးမလဲ?
ပထမဆုံး Game Bar ကိုဖွင့်ဖို့ Window Key ကိုနှိပ်ပါမယ်။ ပေါ်လာတဲ့ Start menu ကိုနှိပ်ပြီး “Xbox Game Bar” application ဖွင့်ရုံပါပဲ။
(အကယ်လို့ Game Bar ကမပေါ်လာဘူး ဆိုရင်တော့
Settings > Gaming > Xbox Game Barအတိုင်း သွားလို့ရပါတယ်။ Game Bar ကိုဖွင့်ထားလား ဆိုတာလည်း သေချာအောင် စစ်ရမှာ ဖြစ်ပါတယ်။(သင့်အနေနဲ့ Window key မနှိပ်ပဲ “Open Game Bar" လို့ key board မှာရိုက်ပြီးရှာချင်လည်း ရပါတယ်)
အခု Game Bar Screen မှာ Capture ကိုရှာပါမယ်။အကယ်၍ သင်မတွေ့ဘူးဆိုလျှင် ဘယ်ဘက်မှာရှိတဲ့ Widget menu icon မှာတွေ့ရတဲ့ လိုင်းတွေအများကြီးနဲ့ကျည်ဆံလို အစက်ကလေးတွေကို နှိပ်ပါ။
ကျလာတဲ့ drop-down list မှာ Capture ကိုရွေးရမှာ ဖြစ်ပါတယ်။ Capture shortcut ဟာ Game Bar ရဲ့ toolbarပုံစံလိုဖြစ်ပါတယ်။
Record ဘယ်လိုစလုပ်မလဲ?
Capture widget ကိုရွေးပြီးပြီဆိုလျှင် ရွေးချယ်စရာ ၄မျိုးပေါ်လာမှာ ဖြစ်ပါတယ်။
(ဘယ်မှညာ)
* Screenshot- active ဖြစ်နေတဲ့ Window ကို Screenshot ရိုက်ပါ။
* Record last 30 seconds- 30 second လောက်ကို ကြိုတင် record လုပ်ပါ။
* Start recording- စတင်ပြီး သင့်ရဲ့ active ဖြစ်နေတဲ့ Window ကို record လုပ်ပါ။
* Turn on mic while recording- enable လုပ်လိုက်မယ်ဆိုရင် Window 10 ဟာ သင့်computerရဲ့ microphoneကို စတင် record ပေးမှာဖြစ်ပါတယ်။
ခလုတ်တွေရဲ့ အောက်မှာပေါ်လာတဲ့ စာသားကိုသတိပြုပါ။ သင်record လုပ်နေတဲ့ acive window ကို သိရှိနိုင်မှာဖြစ်ပါတယ်။ဥပမာ သင် browser သုံးနေတယ်ဆိုရင် သင်ဖွင့်ထားတဲ့ tab ရဲ့ title ကို ပြသပေးမှာဖြစ်ပါတယ်။
record လုပ်ရင် သင်ပထမဆုံး သတိပြုရမှာတစ်ခုလည်း ရှိပါတယ်။ သင့်ရဲ့ microphone ကို သင်သုံးမှာလားဆိုတာဖြစ်ပြီး သင့်အနေနဲ့ screen ပေါ်ကတစ်ခုခုကို ရှင်းပြဖို့ ကြိုးစားမယ်ဆိုရင် တော့ microphone ကအသုံးဝင်ပါတယ်။
ထို့နောက် Start Recording buttonကိုနှိပ်ပါ။
screen recording စတင်နေပြီ ဖြစ်ပြီး၊ screen ရဲ့ထောင့်မှာတော့ toolbar အသေးလေးကို တွေ့ရမှာဖြစ်ပါတယ်။ ထိုဟာလေးက recording ရဲ့ running time ကိုပြနေမှာဖြစ်ပြီး recording ကို stopဖို့ နဲ့ microphone ကို ပိတ်ထားဖို့ buttonလေးတွေကို တွေ့ရပါမယ်။
သင် record လုပ်လို့ပြီးပြီဆိုလျှင် stop icon ကိုနှိပ်လိုက်ပါ။
Capture widget ကနေ “Show All Captures” ကိုနှိပ်ပြီး သင် record လုပ်ခဲ့တာတွေကို ကြည့်နိုင်ပါတယ်။
သင့် recording folder က list ရဲ့ ထိပ်ဆုံးမှာရှိနေပါမယ်။ folder icon ကိုနှိပ်ပြီး recordingတွေ screenshots တွေကို File Explorerထဲမှာ သွားကြည့်နိုင်ပါတယ်
အဆိုပါ recording တွေဟာ Windowရဲ့
C:\Users\NAME\Videos\Captures by default မှာ သွားရောက်သိမ်းဆည်းပေးမှာပါ။
နောက်ထပ်နည်းလမ်းတစ်ခုကတော့ Windows+Alt+R ကိုနှိပ်ပြီး recording ကိုစတင်နိုင်ပါတယ်။အဆိုပါ shortcut ကိုလည်း Settings > Gaming > Xbox Game Bar အတိုင်းသွားပြီး customize လုပ်နိုင်ပါတယ်။
ဒါဆိုရင်တော့ Windows မှာ Recording နဲ့ပတ်သက်လို့ သင်ခေါင်းမစားလောက်တော့ဘူးလို့ ထင်ပါတယ်။
Ref: howtogeek.com