password lock pattern မမှတ်မိတဲ့အခါ ဖုန်းဖွင့်နည်း

မိုဘိုင်းဖုန်းဟာ သွားလေရာသယ်ဆောင်ပြီး မပါမဖြစ် အဖော်မွန်တစ်ခု ဖြစ်ပါတယ်။

လုံခြုံရေးအတွက် ဖုန်းမှာ စကားဝှက် လျှို့ဝှက်ဂဏန်း လျှို့ဝှက်ပက်တန် စသဖြင့် သုံးစွဲပြီး စီမံထားကြတဲ့အခါ တကယ်လို့ သုံးစွဲထားတဲ့ စကားဝှက် လျှို့ဝှက်ဂဏန်း လျှို့ဝှက်ပက်တန် ကို မေ့နေတာ၊ အမှတ်မှားတာ ဖြစ်တတ်ပါတယ်။ အဲဒီအခါ ဖုန်းထဲကို ဝင်မရ ဖြစ်နေတယ်။ ဖုန်းက lock လော့ခ်ကျနေတယ်။ 

အဲဒီ အခက်အခဲကို ကျော်လွှားတဲ့နည်းတွေ andriod ဖုန်းတွေမှာ ရှိတဲ့အနက် Gmail သုံးစွဲပြီး ဖွင့်တဲ့ နည်းလမ်းတစ်ခု ရှိပါတယ်။

 

pattern ကို မမှတ်မိရင် စိတ်ထဲ တင်တဲ့ဟာဖြင့် လိုင်းဆွဲပြီး ဖွင့်ကြည့်ပါ။ မရရင် နောက်ထပ် လေးကြိမ် ထပ်လုပ်ပါ။ စုစုပေါင်း ၅ ကြိမ် ပြည့်သွားရင် ဖုန်းစရင်မှာ ပေါ်လာတဲ့  Forgot pattern ကို နှိပ်လိုက်ပါ။ 

 

Forgot-pattern.jpg

သက်ဆိုင်ရာ Google account ရဲ့ Gmail နဲ့ အဲဒီ Gmail အတွက် password ကို ရိုက်ထည့်ပေးရပါတယ်။

 

Sign-in.jpg

 

ပြီးရင် pattern အသစ် ထည့်ပေးလို့ ရပါပြီ။

Read times
Rate this item
(0 votes)