ကမ္ဘာတစ်လွှား အင်တာနက် အမြန်နှုန်းများ Internet Speeds Around the World

ကမ္ဘာတစ်လွှား အင်တာနက် အမြန်နှုန်းများ
Internet Speeds Around the World

ဒေတာ ရက်စွဲ ဧပြီလ ၁၅ ရက် ၂၀၂၁ ခုနှစ်


ဘရော့ဒ်ဘင် အင်တာနက် အမြန်နှုန်း အမြန်ဆုံး နိုင်ငံမှာ စင်ကာပူ ဖြစ်သည်။
ကမ္ဘာ့အင်တာနက် အညွှန်းကိန်းက ပြသနေသည်မှာ စင်ကာပူသည် broadband Internet အမြန်ဆုံး ဖြစ်သည်။ ပျမ်းမျှ download အမြန်နှုန်းသည် တစ်စက္ကန့်လျှင် 238.59 Mbps (megabits per second) အထိ ရှိသည်။

စင်ကာပူ အင်တာနက် အဘယ်ကြောင့် အရမ်းမြန်သနည်း။
စင်ကာပူသည် နိုင်ငံသစ် ဖြစ်သည်။ ၁၉ ရာစု အနှောင်းပိုင်းကျမှ ထူထောင်သည့် နိုင်ငံဖြစ်ပြီး ကျွန်းနိုင်ငံငယ် ဖြစ်သဖြင့် အခြေခံအဆောက်အအုံ သေးငယ်ကျစ်လစ်သည်။ သို့ဖြစ်ရာ ခေတ်နှင့်အညီ အဆင့်မြှင့်တင်ရန် လွယ်ကူမြန်ဆန်သည်။ ထို့ပြင် မြန်နှုန်းမြင့် အင်တာနက် ဖန်တီးပေးအပ်ရန်အတွက် အစိုးရမှ စီမံပေးလျက် ရှိသည်။

 

top_20_fixed_broad_band.png


ဘရော့ဒ်ဘင် အင်တာနက် အမြန်ဆုံး နိုင်ငံ (၂၀)
အဆင့် နိုင်ငံ ပျမ်းမျှအမြန်နှုန်း(Mbps)
၁ စင်ကာပူ 238.59
၂ ဟောင်ကောင် 231.70
၃ ထိုင်း 217.70
၄ ရိုမေးနီးယား 205.89
၅ ဒိန်းမတ် 197.27
၆ စပိန် 189.50
၇ ဟန်ဂေရီ 187.52
၈ လစ်တင်စတိုင်း 186.46
၉ မိုနာကို 185.48
၁၀ ပြင်သစ် 184.77
၁၁ ဆွစ်ဇာလန် 183.88
၁၂ အမေရိကန် 180.84
၁၃ တောင်ကိုရီးယား 176.95
၁၄ အင်ဒိုရာ 172.41
၁၅ ချီလီ 171.88
၁၆ မာကာအို 167.56
၁၇ ဆွိဒင် 165.52
၁၈ တရုတ် 163.83
၁၉ ကနေဒါ 158.69
၂၀ နော်ဝေး 153.36


နိုင်ငံအသီးသီး၏ ဘရော့ဒ်ဘင် အင်တာနက် ပျမ်းမျှအမြန်နှုန်း
မြန်မာ အဆင့် ၁၂၃
ပျမ်းမျှ အမြန်နှုန်း 22.53 Mbps

 

fixed_broad_band_all_countries.png

 

မိုဘိုင်း အင်တာနက် အမြန်ဆုံး နိုင်ငံ

အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) ဆဲလူလာ အင်တာနက် အမြန်နှုန်း အမြန်ဆုံး ဖြစ်သည်။ ပျမ်းမျှ အမြန်နှုန်း 178.52 Mbps ရှိသည်။ တောင်ကိုရီးယားသည် မတိမ်းမယိမ်းဖြင့် ဒုတိယနေရာတွင် ရှိနေပြီး ပျမ်းမျှ အမြန်နှုန်းမှာ 170.52 Mbps ဖြစ်သည်။

မိုဘိုင်းအင်တာနက် အမြန်ဆုံး (၁၅) နိုင်ငံ
အဆင့် နိုင်ငံ အမြန်နှုန်း(Mbps)
၁ ယူအေအီး 178.52
၂ တောင်ကိုရီးယား 170.52
၃ ကာတာ 167.40
၄ တရုတ် 150.40
၅ ဆော်ဒီအာရေဗျ 133.73
၆ နော်ဝေး 118.20
၇ ဩစတေးလျ 109.33
၈ နယ်သာလန် 103.37
၉ ဘူဂါးရီးယား 96.27
၁၀ ဆွစ်ဇာလန် 95.27
၁၁ ကနေဒါ 93.87
၁၂ ကူဝိတ် 92.94
၁၃ လူဇင်ဘတ် 91.74
၁၄ ဆိုက်ပရပ် 87.55
၁၅ ဆွီဒင် 83.44

မိုဘိုင်းအင်တာနက် ကမ္ဘာ့ ပျမ်းမျှအမြန်နှုန်း 48.40 Mbps နှင့် နှိုင်းယှဉ်ခြင်း

slowest_fastest_inter_net_spedd.png

 


Source: speedtest.net/global-index

Read times
Rate this item
(2 votes)