ပစ္စည်းအသစ် ၅ မျိုးကို Samsung Unpacked 2021 ပွဲမှာ ပြသ

ပစ္စည်းအသစ် ၅ မျိုးကို Samsung Unpacked 2021 ပွဲမှာ ပြသသွားတယ်။

  • အားလုံးမျှော်လင့်ထားတဲ့အတိုင်း ခေါက်ဖုန်း နှစ်မျိုး ပြတယ်။ တစ်ခုက ဂဲလက်စီ ဇီးဖိုးသရီး Galaxy Z Fold 3 ၊ နောက်တစ်ခုက ဂဲလက်စီ ဇီး ဖလစ်သရီး Galaxy Z Flip 3 ။
  • အပေါ်မှာ One UI ပါတဲ့ Wear OS 3 operating system အသစ်ကျပ်ချွတ် ပထမဆုံး စတင်သုံးစွဲထားတဲ့ စမတ်လက်ပတ်နာရီတွေ ပြသတယ်။
  • အဲဒါတွေအပြင် Galaxy Buds 2 နားဖတ်ကို ပြသတယ်။ အရောင်အသစ် ရွေးချယ်စရာတွေအပြင် အသံပိုင်း ပိုကောင်းတဲ့ နားကြပ်တွေ ဖြစ်ပါတယ်။.

Samsung က ၎င်းရဲ့ မျိုးဆက်သစ် ခေါက်ဖုန်းတွေ စမတ်လက်ပတ်နာရီတွေ တကယ့်ဝါယာလက်အစစ် နားဖတ်တွေ ပွဲထုတ်သွားတယ်။

တောင်ကိုရီးယားတဲ့ နည်းပညာမဟာလုပ်ငန်းကြီးက Galaxy Z Fold 3, Galaxy Z Flip 3 ဖုန်းနှစ်မျိုး၊
စမတ်လက်ပတ်နာရီ Galaxy Watch 4 အတွဲစဉ်တို့အပြင် နားဖတ် Galaxy Buds 2 တို့ကို ပြသသွားတာ ဆန်းသစ်မှုတွေ ပါတာ မဆန်းပါဘူး။

231792486_4277475728957320_4743136668137641318_n.jpg

ခေါက်စမတ်ဖုန်းတွေကို အသုံးတည့်ပုံ တချို့ ထပ်တိုးထားပြီး ခေါက်စခရင် တာရှည်ခံနိုင်ရည်ကို တိုးတက်ကောင်းမွန်အောင် လုပ်ပေးထားတယ်လို့ ဆိုတယ်။ ပြီးခဲ့တဲ့ မျိုးဆက်နှစ်ဆက်မှ အတွေအကြုံတွေ သင်ခန်းစာတွေအပေါ် အခြေခံပြီး တိုးတက်ကောင်းမွန်အောင် လုပ်ပေးထားတယ်။

Galaxy Z Fold 3 က စမတ်ဖုန်း ဖြစ်သော်လည်း ဖြန့်ချထားတဲ့အခါ tablet တစ်ခုသဖွယ်သုံးဖို့ အဆင်ပြေနေတာကို အားဖြည့်ပေးထားတာက Samsung ရဲ့ ပေါ်ပြူလာပစ္စည်း S Pen stylus ကိုပါ ပွဲထုတ်ပြသသွားပါတယ်။

galaxy_3.jpg

နောက်ထပ် အလင်းပြသွားတာကတော့ လက်ပတ်နာရီအသစ် Galaxy Watch 4 အတွဲစဉ် ဖြစ်ပြီး Google နဲ့ အတူပူးပေါင်းပြီး လုပ်ကိုင်ထားတဲ့ Wear OS 3 operating system ကို Samsung ရဲ့ One UI ဒီဇိုင်းနဲ့ တွဲဖက်သုံးစွဲထားတယ်။
လက်ပတ်နာရီတွေအကြောင်း မတင်ပြခင် ဖုန်းးတွေ တင်ပြလိုပါတယ်။

Samsung Galaxy Z Fold 3 နဲ့ Flip 3 တို့ရဲ့ အချက်အလက်များ

Samsung Galaxy Z Fold 3

Main display

7.6-inch QXGA+ (2,208 x 1,768) 120Hz AMOLED

Cover screen

6.2-inch 832p (2,268 x 832) 120Hz AMOLED

Processor

Qualcomm Snapdragon 888

Memory and storage

12GB RAM, 256GB/512GB storage

Rear cameras

12-megapixel ultra-wide, wide, and telephoto lenses

Under-display camera

4-megapixel

Selfie camera

10-megapixel

Battery

4,400mAh, 25W fast charging, 10W fast wireless charging, 4.5W reverse wireless charging

Water resistance

IPX8

5G Connectivity

Sub6 5G, mmWave

Galaxy Z Flip 3

Main display

6.7-inch 1080p (2,640 x 1,080) 120Hz AMOLED

Cover screen

1.9-inch AMOLED

Processor

Qualcomm Snapdragon 888

Memory and storage

8GB RAM, 128GB/256GB storage

Rear cameras

12-megapixel ultra-wide, and wide lenses

Battery

3,300mAh, 15W fast charging, 10W fast wireless charging, 4.5W reverse wireless charging

Water resistance

IPX8

5G Connectivity

Sub6 5G, mmWave

Galaxy Z Fold 3 ရွေးချယ်စရာ အရောင် သုံးမျိုး
Phantom Black, Phantom Green, Phantom Silver

colour_option.jpg


Samsung Z Flip 3 ရွေးချယ်စရာ အရောင် သုံးမျိုး
Cream, Green, Lavender နဲ့ Phantom Black

231672925_4277475385624021_6461429350741227158_n.jpg

Galaxy Z Fold 3 $1,799.99
ဖြန့်ချိရက် ဩဂုတ်လ ၂၇ ရက်

Galaxy Z Flip 3 $999.99
ဖြန့်ချိရက် ဩဂုတ်လ ၂၇ ရက်

Wear OS နဲ့ One UI ပေါင်းစပ်ထားတဲ့
Samsung Galaxy Watch 4 series

229847564_4277475015624058_9134994086434980571_n.jpg

Wear OS 3 operating system ကို Samsung နဲ့ Google တို့ ပူးပေါင်း အားထုတ်ခဲ့ကြတယ်။ Samsung က သူ့မှာ လက်ပတ်နာရှီတွေအတွက် ရှိပြီးသားဖြစ်တဲ့ Tizen OS ကို ဘေးချိတ်ထားလိုက်တယ်။

Samsung အနေဖြင့် Wear OS 3 operating systemကို စတင်သုံးစွဲလိုက်တဲ့ စမတ်လက်ပတ်နာရီတွေ ဖြစ်ပါတယ်။

Wear OS 3 အနေဖြင့်လည်း ပွဲဦးထွက် သုံးစွဲတဲ့ စမတ်နာရီတွေ ဖြစ်ပါတယ်။ တခြားဘယ်စမတ်နာရီမှာမှ Wear OS 3 မတင်ပေးထားဘူး။

224175998_4277474555624104_4091958772580846074_n.jpg

စမတ်လက်ပတ်နာရီမှာ မော်ဒယ် နှစ်မျိုး ထုတ်လုပ်ထားတယ်။ Galaxy Watch 4 နဲ့ Galaxy Watch 4 Classic တို့ ဖြစ်ပါတယ်။
Galaxy Watch 4 မှာ အရွယ်အစား နှစ်မျိုး ထုတ်လုပ်ထားတယ်။ 40mm နဲ့ 44mm တို့ ဖြစ်ပါတယ်။
Galaxy Watch 4 Classic မှာလည်း အရွယ်အစာ နှစ်မျိုးထုတ်လုပ်ထားတယ်။ 42mm နဲ့ 46mm တို့ ဖြစ်ပါတယ်။
အထဲမှာ ထိုင်ပေးထားတဲ့ ချစ်ပ်က ချစ်ပ်အမျိုးအစားအသစ် Exynos W920 ဖြစ်ပါတယ်။
RAM 1.5GB
Storage က 16GB ရှိတာမို့ စမတ်လက်ပတ်နာရီတစ်လုံးအတွက်တော့ လိုတာထက်တောင် ပိုနေပါသေးတယ်။
ထည့်ပေးထားတဲ့ feature တွေက accelerometer, barometer, gyro, geomagnetic နဲ့ light sensors တို့ ဖြစ်ပါတယ်။ နှလုံးခုန်နှုန်း လိုက်ကြည့်တဲ့ heart rate tracking ကို optical နဲ့ electronic (electrocardiogram) ၂ မျိုးစလုံး ရတယ်။

ဘက်ထရီက စမတ်လက်ပတ်နာရီ အသေးမှာ 247mAh ဖြစ်ပြီး အကြီးမှာ 361mAh ဖြစ်ပါတယ်။

ဈေးနှုန်းတွေက
Galaxy Watch 4
Bluetooth variant $249.99
LTE variant $299.99

The Galaxy Watch Classic
Bluetooth variant $349.99
LTE variant $399.99

223152745_4277473435624216_8023979529409663920_n.jpg

နားဖတ် Samsung Galaxy Buds 2 က Samsung နောက်ဆုံးထုတ် အမျိုးအစားအသစ် ဖြစ်ပြီး ဝါယာလက်အစစ် နားဖတ် ဖြစ်ပါတယ်။ နားရွက်ပေါက်ထဲ ထည့်တဲ့ ဒီဇိုင်းဖြစ်ပြီး ဆူညံသံ ဖျောက်ပေးတယ်။ ပြင်ပ ဆူညံသံ ၉၈% ဖျောက်ပေးတယ်လို့ ဆိုပါတယ်။

Galaxy Buds 2 မှာ မိုက်ခရိုဖုန်း သုံးလုံး ပါတယ်။ ဖုန်းခေါ်ဆိုမှုတွေကို မှတ်သားသင်ယူဖို့ machine learning ကို သုံးထားတယ်။ ဘက်ထရီ အားအပြည့် တစ်ခါဖြည့်ထားရင် ၅ နာရီခံတယ်လို့ ဆိုပါတယ်။ သုံးနေတဲ့တစ်လျှောက် ဆူညံသံ ဖျောက်ပေးနေတယ်။ အားသွင်းဘူးနဲ့ တွဲသုံးရင် နာရီ ၂၀ အထိ အသုံးခံတယ်။

231338167_4277474198957473_4134285843442186061_n.jpg

ဈေးနှုန်း $149.99
ရွေးချယ်စရာအရောင် Lavender, Olive, White, Black
ဖြန့်ချိရက် ဩဂုတ်လ ၂၇ ရက် (ရောင်းဖို့ ရွေးချယ်ထားတဲ့ ဈေးကွက်များသာ)

Read times
Rate this item
(0 votes)