Google ရဲ့ Bubble Level

Google မှာ ပေါ်ပေါ်ထင်ထင် အသိမပေးထားတဲ့ မသိသူကျော်သွား သိသူ ဖော်စား သုံးစားလို့ ရတာလေးတွေ ရှိတယ်။


အဲဒီဟာတွေထဲမှာ လက်သမားဆရာတွေ ရေချိန်တိုင်းတဲ့ Bubble Level လည်း ပါတယ်။ အရည်ထဲမှာ လေခိုပြီး ပူစီဖောင်းလေးတစ်ခု ထည့်ပေးထားတာမှာ ပူစီဖောင်းရဲ့ အနေအထားကို ကြည့်ပြီး မျက်နှာပြင်တစ်ခု ရေပြင်ညီအတိုင်း ဖြစ်မဖြစ်၊ မဖြစ်ရင် ဘယ်လောက် ဒီဂရီစောင်းနေသလဲဆိုတာကို တိုင်းတာတဲ့ ကိရိယာ ဖြစ်ပါတယ်။ စမတ်ဖုန်းထဲမှာ Bubble Level ကို အက်ပ် ဒေါင်းယူ အင်စတောလုပ်ပြီး စမတ်ဖုန်းကို Bubble Level ကိရိယာအဖြစ် သုံးလို့ရတယ်။

အက်ပ် မတင်ချင်ရင်တော့
search မှာ bubble level လို့ စာရိုက်ထည့်ပြီး
ရှာခိုင်းလိုက်ရင် စခရင်မှာ Bubble Level တစ်ခု
ပေါ်နေပါလိမ့်မယ်။

စမတ်ဖုန်းဖြစ်ဖြစ် တက်ဘလက်ဖြစ်ဖြစ် gyroscope ပါတယ်ဆိုရင် ရေပြင်ညီ ရေချိန်ကို စမတ်ဖုန်းနဲ့ တိုင်းတာလို့ ရပါတယ်။ စမတ်ဖုန်း အများစုမှာတော့ built-in gyroscope ပါကြပါတယ်။ gyroscope မပါရင်တော့ device not supported လို့ အသိပေးပါလိမ့်မယ်။

Bubble-Level-Android-OS.jpg


တစ်ခု သတိပြုစရာက ဖုန်းရဲ့ ကျောဘက်မှာ ကင်မရာအတွက် ဖုထွက်နေတာကြောင့် စမတ်ဖုန်းကို အပြားလိုက် ချထားတဲ့အခါ စောင်းနေစေပါတယ်။
နဂိုစောင်း ဘယ်နှဒီဂရီ ရှိသလဲဆိုတာ မှတ်သားထားပြီး တိုင်းတာလို့ ရလာတဲ့ ဒီဂရီထဲမှ နဂိုစောင်းကို နုတ်ပယ်လိုက်ရင် မျက်နှာပြင်ရဲ့ အစောင်း ဒီဂရီကို ရရှိမှာ ဖြစ်ပါတယ်။
နောက်တစ်နည်းကတော့ ဂျက်ကက်စွပ်ပြီး အသုံးပြုရင် နဂိုစောင်း ဖြစ်နေတဲ့ ပြဿနာ ရှင်းပြီးသား ဖြစ်သွားပါလိမ့်မယ်။

 

 

 

Read times
Rate this item
(0 votes)