Google Play Store မှာ Crypto​.com က #1 နေရာ ရောက်ရှိ

ငွေလဲတဲ့အက်ပ်က အမေရိကန်နိုင်ငံမှာ တစ်ပတ်တာ အများဆုံး ရယူတဲ့ အက်ပ်အဖြစ်

Google Play Store မှာ နံပါတ်(၁) နေရာ ရောက်ရှိခဲ့ပါတယ်။အမေရိကန်အတွက် Apple App Store မှာ နံပါတ် (၃) နေရာ ရောက်ရှိခဲ့ပါတယ်။ နောက်တော့ နံပါတ် (၂၀) နေရာကို ပြန်ကျဆင်းသွားခဒ့ပါတယ်။

ခရစ္ပတိုငွေကြေး လဲလှယ်မှုအတွက် သုံးစွဲတဲ့ အက်ပ် Crypto.com က #1 ဖြစ်နေချိန်မှာ Coinbase အက်ပ်က တတိယနေရာမှာ ရောက်ရှိနေပါတယ်။ စတုတ္ထနေရာမှာ Cash App နေရာယူထားတယ်။ Voyager Digital က #10 မှာ နေရာယူထားပါတယ်။

ခရစ်္ပတိုငွေကြေး အက်ပ်တွေ ရယူသုံးစွဲကြဖို့ ကြော်ငြာကို အားပြုကြလေ့ရှိပါတယ်။
Voyager Digital က လူသိများပြီး လူသုံးများဖို့ Dallas Mavericks ဘတ်စ်ကက်ဘောအသင်းနဲ့ လက်တွဲထားတယ်။
Crypto.com က ကြော်ငြာကမ်ပိန်း လုပ်တယ်။ သရုပ်ဆောင် Matt Damon နဲ့ ကြော်ငြာရိုက်တယ်။ ရဲရင့်သူကို သူဌေးဖြစ်ကိန်းက မျက်နှာသာပေးတယ် လို့ဆိုတဲ့စကားနဲ့ ကြော်ငြာတယ်။ ခရစ္ပတိုငွေကြေးလောကထဲ ဝင်ကစားဖို့ မဝံ့မရဲ ဖြစ်နေကြတဲ့သူတွေ၊ ရင်းနှိးမြှုပ်နှံသူတွေကို Crypto.com ဖရီးအက်ပ် သုံးကြစေဖို့ ပစ်မှတ်ထားတယ်။

ခရစ္ပတိုငွေကြေး အက်ပ်တွေ သုံးဖို့ မဝံ့မရဲ ဖြစ်ကြရတဲ့ အကြောင်းတစ်ချက်က အတုအလိမ် အက်ပ်တွေ များနေလို့ ဖြစ်ပါတယ်။
Trend Micro ရဲ့အဆိုအရ ခရစ္ပတိုငွေကြေး အက်ပ် အတုအလိမ် ၁၂၀ ကျော် ရှိနေပြီး အချို့အက်ပ်တွေမှာ ရယူကြိမ်ရေ ၁၀၀,၀၀၀ ကျော်နေတယ်။
Google Play Store က ခရစ္ပတို အက်ပ် အတုအလိမ်တွေ အရေးယူဖယ်ရှားပစ်ပေမဲ့ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။ Google Play Store က ဖယ်ရှားပစ်တဲ့ အက်ပ်တွေထဲမှာ
BitFunds,
Bitcoin Miner,
Daily Bitcoin Rewards,
Crypto Holic,
MineBit Pro,
Bitcoin 2021,
Ethereum — Pool Mining Cloud,
Bitcoin — Pool Mining Cloud Wallet
တို့ ပါဝင်ပါတယ်။

Read times
Rate this item
(0 votes)