ဂျာမနီမှာ Windows ကို ကျောခိုင်းရန် စီစဉ်

ဂျာမနီမှာ Microsoft သုံးစွဲနေတာကို ရပ်လိုက်ပြီး Windows တင်ထားတဲ့ ပီစီ အလုံး ၂၅,၀၀၀ ကို Linux တင်ပြီး LibreOffice ကို သုံးစွဲဖို့ ပြည်နယ်တစ်ခုက စီစဉ်နေပါတယ်။


Microsoft Windows & Office အစား Linux LibreOffice ကို အစိုးရရုံးဌာနတွေမှာ ပြောင်းလဲသုံးစွဲသွားမှာ ဖြစ်ပါတယ်။ ထို့ပြင် အစိုးရကျောင်းများလည်း အလားတူ ပြောင်းလဲ သုံးစွဲမှာ ဖြစ်ပါတယ်။

ဂျာမနီရဲ့ မြောက်ပိုင်းအစွန်မှာ တည်ရှိတဲ့ Schleswig-Holstein ပြည်နယ်မှာ အစိုးရရုံးဌာနများနဲ့ ကျောင်းတွေမှာ open-source solution ကို ပြောင်းလဲသုံးစွဲဖို့ အစီအစဉ် ရေးဆွဲထားတဲ့အတွက် အခုလို open-source ဖြစ်တဲ့ Linux ကို ပြောင်းလဲသုံးစွဲတာ ဖြစ်ပါတယ်။
အစီအစဿည်မှာ အကျုံးတင်တဲ့ PC လုံးရေ ၂၅,၀၀၀ ကို Windows ကနေ Linux ပြောင်းသုံးမှာ ဖြစ်ပါတယ်။ ဒီတော့ Microsoft Office အစား LibreOffice ကို ပြောင်းလဲသုံးစွဲမှာ ဖြစ်ပါတယ်။

video-conferencing network ကို Jitsi-based open-source system သုံးစွဲပြီး ကျင်းပပါတယ်။ Jitsi က ရေပန်းအစားဆုံး open-source video conferencing tool ဖြစ်ပါတယ်။

ပြည်နယ်အစိုးရရဲ့ မူဝါဒအရ Free and open-source software (FOSS) သုံးစွဲမှုကို အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။

 

Read times
Rate this item
(0 votes)