တရားမဝင်ဂြိုဟ်တုရုပ်သံဖမ်းစက်များနှင့် စပ်လျဉ်း၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ထားသည်ကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

 



လက်ရှိအသုံးပြုနေသည့် ဂြိုဟ်တုရုပ်မြင်သံကြားဖမ်းစက်များအနက် ပြန်ကြား ရေးဝန်ကြီးဌာနက တရားဝင်ခွင့်ပြုထားသောအဖွဲ့အစည်းများ၏ ဂြိုဟ်တုရုပ်မြင် သံကြားဖမ်းစက်များမှလွဲ၍ မှတ်ပုံတင်ထားခြင်း၊ လိုင်စင်ရယူထားခြင်းမရှိသော ပစ္စည်းများသည် လက်ဝယ်ထားရှိခွင့်မရှိသောတရားမဝင်ဂြိုဟ်တုရုပ်မြင်သံကြား ဖမ်းစက်များ ဖြစ်ပါသည်။

အဆိုပါ တရားမဝင်ဂြိုဟ်တုရုပ်မြင်သံကြားဖမ်းစက် လက်ဝယ်ထားရှိသူများသည် ဤညွှန်ကြားချက်ထုတ်ပြန်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း သက်ဆိုင်ရာ မြို့နယ် သို့မဟုတ် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ အပ်နှံရမည်။

ဤညွှန်ကြားချက်ပါ သတ်မှတ်ထားသည့်ရက်အတွင်း အပ်နှံရန်ပျက်ကွက်ပြီး လက်ဝယ်ထားရှိခွင့်မရှိသော တရားမဝင်ဂြိုဟ်တုရုပ်မြင်သံကြားဖမ်းစက်များကို လက်ဝယ်ဆက်လက်ထားရှိပါက ရုပ်မြင်သံကြားနှင့်ဗီဒီယိုဥပဒေပုဒ်မ ၃၆ အရ အရေးယူခြင်းခံရမည်ဖြစ်ပါသည်။

အချို့ဟိုတယ်၊ တည်းခိုရိပ်သာများတွင် ပြန်ကြားရေးဝန်ကြီးဌာနက ပိတ်သိမ်းထားသော
သတင်းဌာနများ၏ ရုပ်သံလိုင်းများအား ဖမ်းယူကြည့်ရှုနိုင်သည့်ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း စိစစ် တွေ့ရှိရပါသည်။

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေနှင့်အညီ လုပ်ငန်းလိုင်စင်ရယူဆောင်ရွက် လျက်ရှိသော ဟိုတယ်၊ တည်းခိုရိပ်သာများ၊ ခရီးသွားလုပ်ငန်းများအနေဖြင့် တည်ဆဲဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်စေရေးနှင့် ဥပဒေနှင့်အညီသာ ဧည့်ဝန်ဆောင်မှုလုပ်ငန်း များဆောင်ရွက်စေရေး ကြီးကြပ်ဆောင်ရွက်နိုင်ပါရန် ညှိနှိုင်းအကြောင်းကြားအပ်ပါသည်

ဟု အဆိုပါ ကြေညာချက်တွင် ဖော်ပြထားပါသည်။

 

 

Read times
Rate this item
(0 votes)