Xiaomi က foodpanda မှာ ပစ္စည်း ရောင်းရန် စီစဉ်

စင်ကာပူနဲ့ ထိုင်းတို့မှာ foodpanda အက်ပ်သုံးစွဲသူတွေ အက်ပ်ထဲမှာ Xiaomi ရဲ့ ပစ္စည်းတွေ ဝယ်ယူလို့ ရမှာ ဖြစ်ပြီး မှာကြားပြီ

း နာရီဝက်အတွင်း အိမ်တိုင်ရာရောက် လာပို့ပေးမှာ ဖြစ်ပါတယ်။ အမြန်စီးပွား "quick commerce" (q-commerce) ကို Xiaomi က Foodpanda နဲ့ လက်တွဲပြီး လုပ်ကိုင်လိုက်တဲ့ အစီအစဉ်အသစ် ဖြစ်ပါတယ်။

ပူးပေါင်းဆောင်ရွက်မှုမှာ အာရှ ၁၀ နိုင်ငံအတွက် Xiaomi မှ ထုတ်လုပ်တဲ့ မိုဘိုင်းဖုန်းအသစ်တွေမှာ foodpanda app ကို တင်ပေးထားမှာ ဖြစ်ပါတယ်။ စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ ပါကစ္စတန်၊ တိုင်ဝမ်၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ လာအို၊ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံတို့ကို တင်ပို့တဲ့ Xiaomi ဖုန်းအသစ်တွေမှာ foodpanda app ပါလာမှာ ဖြစ်ပါတယ်။
စီးပွားဖက်များအဖြစ် လက်တွဲပြီး Xiaomi နဲ့ foodpanda တို့က အမြန်ပေးပို့တဲ့ "quick commerce" (q-commerce) ကို အကောင်အထည်ဖော်ကြမှာ ဖြစ်ပါတယ်။

Xiaomi ရဲ့ ပစ္စည်းအမျိုးမျိုးကို foodpanda app မှာ ပါဝင်တဲ့ "foodpanda shops" မှာ ပြသပေးထားမှာ ဖြစ်ပါတယ်။


Xiaomi က လာမယ့် ၃ နှစ်အတွင်း ကမ္ဘာ့ အကြီးမားဆုံး စမတ်ဖုန်းထုတ်လုပ်သူ ဖြစ်ဖို့ ရည်မှန်းချက် ပန်းတိုင်ကို ရောက်ဖို့ q-commerce ကို နည်းလမ်းတစ်ခုအဖြစ် အသုံးပြုတာ ဖြစ်ပါတယ်။ စင်ကာပူမှာ Xiaomi ပစ္စည်း အမျိုးမျိုး အမျိုးအမည် ၁၀၀ ဝန်းကျင်ကို "foodpanda shops" မှာ ဝယ်ယူနိုင်မှာ ဖြစ်ပြီး ထိုင်းမှာတော့ အမျိုးအမည် ၂၀၀ ဝန်းကျင်ကို ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။


Foodpanda ကို ဂျာမနီမှ Delivery Hero က ပိုင်ဆိုင်ပြီး လူသုံးကုန် အီလက်ထရွန်နစ်ပစ္စည်းများကို q-commerce ဖြင့် ဝန်ဆောင်မှု ပေးနေပါတယ်။ အာရှမှာ အီလက်ထရွန်းနစ် စတိုးဆိုင်ပေါင်း ၁,၀၀၀ ကျော်နဲ့ လက်တွဲလုပ်ကိုင်နေပါတယ်။ ပစ္စည်းအမျိုးအမည် ၂၈၉,၀၀၀ ကျော်ကို foodpanda shops မှာ တင်ထားပါတယ်။

 

 

Read times
Rate this item
(0 votes)