အွန်လိုင်းခိုးကူးမှု တရားစွဲဆိုချက်များကို နယူးဇီလန်နိုင်ငံတွင် ဆယ်စုနှစ်ကြာ တရားတဘောင် ရင်ဆိုင်နေခဲ့ရာမှ
နယူးဇီလန်နိုင်ငံ၏ ထိပ်တန်းတရားရုံးသည် အမေရိကန်နိုင်ငံသို့ လွှဲပြောင်း မပေးရန်အတွက် online pirate king ဟု နာမည်ကြီးသော Kim Dotcom ၏ နောက်ဆုံးလျှောက်လဲချက်ကို နယူးဇီလန်နိုင်ငံ၏ထိပ်တန်းတရားရုံးက ပယ်ချလိုက်သည်။
Dotcom သည် Megaupload ဖိုင်မျှဝေသည့် ဝန်ဆောင်မှုကို လုပ်ကိုင်ခဲ့ပြီး ဒေါ်လာ သန်းချီ ချမ်းသာသွားခဲ့သည်။ အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၇၅ သန်း အသားတင်အမြတ် ရရှိခဲ့သည်ဟု စွပ်စွဲထားသည်။
လွန်ခဲ့သည့် ၁၀ နှစ် ဖြစ်သည့် ၂၀၁၁ ခုနှစ်မှာ Megaupload တွင် နေ့စဉ်သုံးစွဲသူ သန်း ၅၀ အထိ ရှိခဲ့သည်။ ထိုစဉ်ကာလ ကမ္ဘာပေါ်တွင် အင်တာနက် ပုံမှန်သုံးစွဲသူ ဦးရေ၏ ၄% ဖြစ်သည်။
နယူးဇီလန်နိုင်ငံ Wellington ရှိ တရားရုံးချုပ်သည် အသက် ၄၇ နှစ် ရှိသူ ဂျာမန်နိုင်ငံသား Dotcom နှင့် ပူးတွဲတရားခံနှစ်ဦး Mathias Ortmann နှင့် Bram van der Kolk တို့သည် ယခင်အောက်တရားရုံး စီရင်ချက်များကို အယူခံဝင်ခြင်းအား လက်မခံဘဲ သူတို့၏ လျှောက်လဲချက်များကိုလည်း ပယ်ချလိုက်သည်။
သူ့ကို အမေရိကန် တရားရုံးက သူ့ကို လိမ်လည်မှု၊ ငွေကြေးခဝါချမှု၊ ဥပဒေပြင်ပ တရားမဝင်လုပ်ငန်း လုပ်ကိုင်မှု စသည့် အမှုများဖြင့် အလိုရှိနေသည်။ ထိုအမှုများသည် ပြစ်မှုထင်ရှား စီရင်ခံရပါက နှစ် ၂၀ အထိ ထောင်ဒဏ် ကျခံရနိုင်သည်။