စင်ကာပူဈေးကွက်မှ Binance.sg ထွက်ခွာ
Binance.sg ကို ၂၀၂၂ ဖေဖော်ဝါရီလ ၁၃ ရက်တွင် အပြီးအပိုင် ပိတ်သိမ်းမည်။
Binance.sg ကို လုပ်ကိုင်နေသော Binance Asia Services က စင်ကာပူ ငွေကြေးအာဏာပိုင် Monetary Authority of Singapore (MAS) ထံတွင် စင်ကာပူမှာ ခရစ္စပတို ငွေလဲလှယ်ခြင်း ဝန်ဆောင်မှု လုပ်ကိုင်ရန် လုပ်ကိုင်ခွင့် လိုင်စင်လျှောက်ထားသည်ကို ပြန်လည် ရုပ်သိမ်းလိုက်သည်။
လုပ်ငန်းမှတ်ပုံတင်ပြီး လိုင်စင်ရဖို့ မလုပ်ဆောင်တော့ရန် ဆုံးဖြတ်သဖြင့် Binance.sg ကို ပိတ်သိမ်းရန် ဆောင်ရွက်သွားမည် ဖြစ်သည်။
Binance.sg တွင် အမည်စာရင်း ပေးသွင်းကာ မှတ်ပုံတင်ခြင်း၊ ခရစ္စတိုငွေကြေးနှင့် အခြားနိုင်ငံသုံးငွေကြေး အပ်နှံခြင်းများကိုလည်း အဆိုပါ ရက်တွင် ချက်ချင်းရပ်ဆိုင်းမည် ဖြစ်သည်။
Binance.sg ပလက်ဖောင်း အသုံးပြုသူတို့သည် စာရင်းပိတ်သိမ်းရန် ဖြစ်ပြီး စင်ကာပူဒေါ်လာနှင့် ခရစ္စပတိုငွေကြေးတို့ကို ပိတ်သိမ်းရက်စွဲမတိုင်ခင် အပြီးအစီး ထုတ်ယူထားရန် Binance က အသိပေးပြောကြားထားသည်။
Binance.sg ၏ စီအီးအို Richard Teng က "ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေကို ကျွန်တော်တို့က အမြဲတစေ ပထမနေရာမှာ ထားပါတယ်။ ဒီတော့ ကျွန်တော်တို့ Binance.sg ကို ပေါ့ပေါ့တန်တန် ပြီးစလွယ် မပိတ်သိမ်းပါဘူး။ စင်ကာပူမှ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေ သူတို့ထည့်ထားတဲ့ ငွေကြေးကို တခြား ခေါက်ပိုက်ဆံအိတ် wallet ဆီကို ရွှေ့ပြောင်းတာ၊ တခြား ဝန်ဆောင်မှုဆီ ရွှေ့ပြောင်းတာတွေကို ကူညီပေးဖို့က ကျွန်တော်တို့ရဲ့ မဆိုင်းမတွ လုပ်ကိုင်ပေးရမယ့် ဦးစားပေး ဖြစ်ပါတယ်" ဟု ပြောကြားသည်။
၂၀၂၁ စက်တင်ဘာလတွင် MAS က Binance Asia Services ၏ လိုင်စင်လျှောက်လွှာကို သုံးသပ်နေကြောင်း ပြောကြားခဲ့သည်။ MAS က Binance အား စင်ကာပူမှ သုံးစွဲသူတို့ကို ပေးအပ် ငွေပေးချေမှု ဝန်ဆောင်မှု လုပ်ကိုင်ပေးနေခြင်းကို ရပ်ထားရန်လည်း ညွှန်ကြားခဲ့ပါသည်။
Binance ကို တရုတ်-ကနဒါ လုပ်ငန်းရှင် Changpeng Zhao က ထူထောင်ခဲ့ပြီး ပမာဏအရ ကမ္ဘာ့အကြီးမားဆုံး ခရစ္စပတို ငွေကြေးလဲလှယ်ရေး ဝန်ဆောင်မှု လုပ်ငန်း ဖြစ်ပါသည်။