ဘက်ထရီ ၁၂ ရက်ခံ Xiaomi Watch S1

ဘက်ထရီ ၁၂ ရက်ခံ Xiaomi Watch S1

Xiaomi က အမြင့်တန်း စမတ်လက်ပတ်နာရီ Xiaomi Watch S1 ကို Xiaomi 12 series စမတ်ဖုန်းများနှင့်အတူ စတင်ရောင်းချမည်ဟု ထုတ်ပြန်ကြေညာသည်။ နီလာမှန်ပြင်၊ စတိန်းလက်စ်စတီးကိုယ်ထည်၊ ပိုကြီးသောဒိုင်ခွက် ၁.၄၃ လက်မ AMOLED display တို့ဖြင့် ထုတ်လုပ်ထားသည်။ ဘက်ထရီသက်တမ်း ၁၂ ရက် ဖြစ်သည်။

တရုတ်ပြည်တွင်းဈေးကွက်တွင်သာ ရောင်းချမည်ဖြစ်ပြီး အနည်းဆုံးဈေး ၁,၀၉၉ ယွမ် (အမေရိကန်ဒေါ်လာ ၁၇၃) ဖြစ်သည်။ ၂၀၂၁ ဒီဇင်ဘာလ ၃၁ ရက်တွင် စတင်ရောင်းချမည်ဟု ကြေညာထားပါသည်။ ကမ္ဘာသုံး global ကို ၂၀၂၂ ဖေဖော်ဝါရီလဝန်းကျင်တွင် ဈေးကွက်များထဲသို့ စတင်ပေးပို့ရန် ရည်မှန်းထားကြောင်း သိရပါသည်။

Read times
Rate this item
(0 votes)