Apple ရဲ့ ဈေးကွက်တန်ဖိုး ဒေါ်လာ ၃ ထရီလီယံသို့ ရောက်ရှိခဲ့

Apple ရဲ့ ဈေးကွက်တန်ဖိုး ဒေါ်လာ ၃ ထရီလီယံသို့ ရောက်ရှိခဲ့


Apple ရဲ့ အစုရှယ်ယာတွေ ရောင်းဝယ်ဖောက်ကားကြတာမှာ ပြီးခဲ့တဲ့ သီတင်းပတ် အနည်းငယ်အတွင်း စံချိန်တင် မြင့်တက်ခဲ့ပြန်ပါတယ်။
ရှယ်ယာအားလုံးရဲ့ ဈေးကွက်ပေါက်ဈေးအရ တန်ဖိုး စုစုပေါင်းက အမေရိကန်ဒေါ်လာ ၃ ထရီလီယံ ကျော်သွားတဲ့ စံချိန်သစ်ကို တင်လိုက်တာ ဖြစ်ပါတယ်။ ရှယ်ယာရောင်းဈေး အမေရိကန်ဒေါ်လာ ၁၈၂.၉၀ အထိ မြင့်တက်သွားခဲ့တာ ဖြစ်ပါတယ်။

iPhone, iPad, နဲ့ Mac တို့ ကမ္ဘာတစ်လွှား ရောင်းကောင်းခဲ့တဲ့အပြင် Apple ရဲ့ ထုတ်ကုန်များအပေါ် စိတ်ချလက်ချဖြင့် အားရကျေနပ်မှုများကိုလည်း ရရှိနေပါတယ်။
တန်ဖိုးသင့် 5G iPhone SE စီးရီး ထုတ်လုပ်မယ်လို့လည်း သတင်းများ ထွက်ပေါ်နေပါတယ်။

Apple ရှယ်ယာများရဲ့ တန်ဖိုးစုစုပေါင်း ပမာဏ စံချိန်သစ်တွေ ရရှိလေ့ ရှိပါတယ်။ ၂၀၁၈ ခုနှစ် ဩဂုတ်လမှာ အမေရိကန်ဒေါ်လာ ၁ ထရီလီယံကျော်သို့ ရောက်ရှိခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ ရှယ်ယာစုစုပေါင်း တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ထရီလီယံကျော်သို့ ပထမဆုံး ရောက်ရှိတဲ့ ကုမ္ပဏီအဖြစ် မှတ်တမ်းတင်ခံရပါတယ်။
နောက်ထပ် ၂ နှစ်အကြာ ၂၀၂၀ ခုနှစ် ဩဂုတ်လမှာ ကုမ္ပဏီရှယ်ယာတွေ ဈေးတက်ခဲ့ရာမှ ရှယ်ယာစုစုပေါင်း တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ထရီလီယံကျော်သို့ ရောက်ရှိသွားခဲ့ပါတယ်။
ယခု ၁၆ လ ကြာပြီးချိန်မှာ အမေရိကန်ဒေါ်လာ ၃ ထရီလီယံကျော်သို့ ရောက်ရှိတဲ့ စံချိန်သစ်ကို တင်လိုက်တာ ဖြစ်ပါတယ်။

Microsoft နဲ့ Alphabet (Google) တို့ အမေရိကန်ဒေါ်လာ ၂~၃ ဘီလျံ အတိုင်းအတာအတွင်းမှာ ရှိနေကြပါတယ်။
Amazon နဲ့ Tesla တို့က အမေရိကန်ဒေါ်လာ ၁~၂ ဘီလျံ အတိုင်းအတာအတွင်းမှာ ရှိနေကြပါတယ်။

 

 

Read times
Rate this item
(0 votes)