iPhone နဲ့ အသွင်တူ UI သုံးတဲ့ XIAOMI
Xiaomi ပြည်တွင်းပြည်ပ နှစ်နေရာစလုံးမှာ လူသိများတဲ့ တရုတ်စမတ်ဖုန်း brand ဖြစ်ပါတယ်။ ၂၀၁၀ မှာ အင်တာနက်ကုမ္ပဏီတစ်ခု အဖြစ် စတင်ထူထောင်ခဲ့တယ်။ ၂၀၁၁ မှာ ၎င်းရဲ့ ပထမဆုံး စမတ်ဖုန်းကို ထုတ်လုပ်ခဲ့တယ်။ အဲဒီနောက်ပိုင်း လှေကားတွေ တစ်ထစ်ပြီး တစ်ထစ် ဆက်လက်တက်နေနိုင်ခဲ့ပါတယ်။ ကမ္ဘာ့ အရောင်းရဆုံး ထိပ်တန်းစမတ်ဖုန်း brand ၅ ခုထဲမှာ Xiaomi ပါနေကျ ဖြစ်ပါတယ်။ ဈေးကွက်အတော်များများမှာ နံပါတ်(၁) နေရာကို ရထားပါတယ်။
Xiaomi မှာ ကော်ပီလုပ်တဲ့ သမိုင်းကြောင်း ရှိနေပါတယ်။ Apple ရဲ့ iPhone ကို ကိုင်သုံးနေရတဲ့ အရသာ ဆင်တူကို ပေးတဲ့ UI တင်ပေးထားတဲ့ စမတ်ဖုန်းကို ထုတ်လုပ်ပေးလေ့ရှိပါတယ်။
ယခု နောက်ဆုံးထုတ် MIUI 13 က Apple ရဲ့ iOS 15 နဲ့ ဆင်ဆင်တူနေတာ တွေ့ကြရတယ်။
၂၀၁၄ ခုနှစ်ထုတ် Xiaomi Mi 4 က Apple iPhone 5 ကို တိုက်ရိုက်ကော်ပီ လုပ်ထားတယ်လို့ ဆိုနိုင်ပါတယ်။
Apple ရဲ့ Steve Jobs က “One More Thing” ဆိုပြီး ပြောလေ့ရှိတယ်။ Xiaomi ရဲ့ CEO ဖြစ်သူ Lei Jun ကလည်း “One More Thing” ဆိုပြီး ပြောလေ့ရှိပါတယ်။
၂၀၁၈ မှာ Mi 8 ထွက်လာတယ်။ Apple ရဲ့ iPhone X နဲ့ ဆင်ဆင်တူနေတယ်။
MIUI 13 နဲ့ iOS 15 တို့မှာလည်း ဆင်ဆင်တူနေတာတွေ ပါနေတာကြောင့် “copy and paste” လမ်းစဉ်ဖြင့် UI ကို ဒီဇိုင်းထုတ်ထားသလားလို့ ထင်မြင်ချင်စရာ ကောင်းနေတယ်၊။