မြန်မာ Android App အကြောင်းအချက်များ - Google Play ပေါ်မှ မြန်မာ App Publishers များ

မြန်မာ Android App အကြောင်းအချက်များ - 

Google Play ပေါ်မှ မြန်မာ App Publishers များ

မြန်မာ App Publisher ဘယ်နှဦး ရှိသလဲ။

Google Play ပေါ်မှာ App Publisher ၈၆၉,၉၇၀ ဦး ရှိနေပြီး မြန်မာ publisher ၂၂၈ ဦးကျော် ရှိနေပါတယ်။ 

-

အကြီးမားဆုံး  မြန်မာ publisher များမှာ

  • YaFuTong, 

  • Bautista Aniel, 

  • VenusLab, 

  • microplay, 

  • Myanmar Team, 

  • Studio_Puppeteer, 

  • SQUAR PTE LTD, 

  • Ko Lin, 

  • MYMY INTERACTIVE LTD, 

  • Bagan Innovation Technology

တို့ ဖြစ်ပါတယ်။ 

မြန်မာ App Publisher အရေအတွက်က ရာခိုင်နှုန်းအားဖြင့် Google Play ပေါ်မှ App Publisher အရေအတွက် စုစုပေါင်းရဲ့ ၁% အောက်မှာ ရှိပါတယ်။ 

 

မြန်မာ App Publisher တွေ တင်ထားတဲ့ အက်ပ် ဘယ်လောက် ရှိသလဲ။

 

 Google Play ပေါ်မှာ အက်ပ် စုစုပေါင်း ၂,၇၅၉,၇၆၂ ခု ရှိနေပြီး မြန်မာ App Publisher တွေ တင်ထားတဲ့ အက်ပ် အရေအတွက်က ၁,၂၃၇ ခုကျော် ရှိပါတယ်။

 

မြန်မာ Publishers တွေ တင်ထားတဲ့ အက်ပ်တွေရဲ့ Rate တွေက ဘယ်လိုလဲ

 

Google Play ပေါ်မှာ တင်ထားတဲ့ မြန်မာ Publishers တွေရဲ့ အက်ပ် ၁,၂၃၇ ခု အတွက် ပျမ်းမျှ ကြယ်ပွင့် rating က အများဆုံး ကြယ် ၅ ပွင့်အထိ ပေးနိုင်တာမှာ ၄.၂၄ ရရှိပါတယ်။  

Google Play ပေါ်မှာ တင်ထားတဲ့ အက်ပ်တွေ အားလုံးအတွက် ပျမ်းမျှ rating က ၃.၆၃ ဖြစ်တာကြောင့်  မြန်မာ Publishers တွေရဲ့ အက်ပ် တွေရဲ့ rating က ပျမ်းမျှထက် သာပါတယ်။

 

မြန်မာ Publishers တွေက Apps နဲ့  Games ဘယ်ဟာကို ပိုစူးစိုက်ကြသလဲ

 

မြန်မာ Publishers တွေရဲ့ အက်ပ်တွေထဲမှာ ၉၆% က Apps တွေ ဖြစ်ပြီး ၄% က Games တွေ ဖြစ်ပါတယ်။

ဒီတော့ Apps တွေကိုပဲ  မြန်မာ Publishers တွေ ဖန်တီး ဖြစ်ကြပြီး Games တွေ  ဖန်တီးမှု နည်းပါးပါတယ်။

 

ဘယ်အက်ပ်တွေက ဒေါင်းယူကြတာ များသလဲ

Download ရယူကြတာ အများဆုံး အက်ပ်တွေက

 

 MyID – Your Digital Hub, 

WavePay APP by Wave Money, 

Myanmar 2D 3D, 

MytelPay, 

MyTelenor, 

Mahar, 

Bagan - Myanmar Keyboard, 

MPT 4 U, 

My Ooredoo Myanmar, 

MmYearX (from 1910 to 2030+) 

 

မြန်မာ Publishers တွေရဲ့ အက်ပ်တွေ ဒေါင်းယူတဲ့ ကြိမ်ရေ ဘယ်လောက် များသလဲ

 

မြန်မာ Publishers တွေရဲ့ အက်ပ်တွေ ပျမ်းမျှအားဖြင့် ဒေါင်းယူကြိမ်ရေ ၉၆,၂၃၀ ရှိပါတယ်။ 

 

မြန်မာ Publishers တွေရဲ့ အက်ပ်တွေ ဘယ်လို ငွေရှာကြသလဲ

 

မြန်မာ Publishers တွေရဲ့ အက်ပ်တွေမှာ ငွေပေးရတဲ့ အက်ပ်က ၁%  အောက်မှာပဲ ရှိပါတယ်။ 

ကြော်ငြာဖြင့် ငွေရှာတဲ့ အက်ပ်တွေက ၃၀%  ဝန်းကျင် ရှိပါတယ်။ 

အက်ပ်ထဲရောက်မှာ ငွေပေး f In-App Payment သုံးထားတာ ၃% ရှိပါတယ်။ 

မြန်မာအက်ပ်တွေရဲ့ ရာခိုင်နှုန်းအသီးသီးနဲ့ ကမ္ဘာ့စံချိန် ရာခိုင်နှုန်း အသီးသီးကို နှိုင်းယှဉ်ဖော်ပြအပ်ပါတယ်။ 

 

မြန်မာ Publishers တွေက  iOS နဲ့ Android ၂မျိုးစလုံး ထုတ်ဝေကြသလား

 

Google Play နဲ့  iTunes နှစ်နေရာစလုံးမှာ ရယူနိုင်တဲ့ မြန်မာ Publishers တွေရဲ့ အက်ပ်တွေက ၃၂%  ရှိပါတယ်။

Read times
Rate this item
(0 votes)