Google Play Store ပေါ်မှ မြန်မာ အက်ပ်များရဲ့ ၂၀၂၁ အကြောင်းအချက်များ (၁)

Google Play Store ပေါ်မှ မြန်မာ အက်ပ်များရဲ့ ၂၀၂၁ အကြောင်းအချက်များ (၁)

Google Play Store ပေါ်မှာ အက်ပ်ထုတ်ဝေသူဦးရေ ၈၆၇,၆၄၂ ရှိပြီး မြန်မာအက်ပ် ပတ်ပလစ်ရှာ ဦးရေက ၂၈၆ ခု ရှိတယ်လို့ App Market Explorer မှ ထုတ်ပြန်တဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။ ရာခိုင်နှုန်းအားဖြင့် Google Play Store ပေါ်မှ အက်ပ်ပတ်ဘလစ်ရှာ စုစုပေါင်းရဲ့ ၁% အောက်မှာ ဖြစ်ပါတယ်။

အချက်အလက်တွေ ရယူဆန်းစစ်တဲ့အခါ လိပ်စာပေါ်မှာ အခြေခံထားပါတယ်။ တရားဝင် မြန်မာနိုင်ငံလိပ်စာ တင်ပြထားတဲ့ အက်ပ်တွေကိုပဲ ရေတွက်ထားပါတယ်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်မှာ ရရှိတဲ့ စာရင်း ဖြစ်ပါတယ်။

အကြီးမားဆုံး မြန်မာ အက်ပ်ပတ်ဘလစ်ရှာတွေက


YaFuTong,
microplay,
Bautista Aniel,
VenusLab,
Myanmar Team,
Studio_Puppeteer,
SQUAR PTE LTD,
Ko Lin,
MYMY INTERACTIVE LTD,
Bagan Innovation Technology
တို့ ဖြစ်ပါတယ်။


မြန်မာအက်ပ် ပတ်ဘလစ်ရှာတွေက အက်ပ် ဘယ်နှမျိုး တင်ထားကြသလဲ။


Google Play Store မှာ တင်ထားတဲ့အက်ပ် ၂,၇၅၇,၆၁၂ ခု ရှိနေပြီး မြန်မာ အက်ပ် ထုတ်ဝေသူတွေ တင်ထားတဲ့ အက်ပ် အရေအတွက်က ၁,၂၃၀ ကျော် ပါဝင် ပါတယ်။ ရာခိုင်နှုန်းအားဖြင့် အက်ပ် စုစုပေါင်းရဲ့ ၁% အောက်မှာ ဖြစ်ပါတယ်။

တင်ထားတဲ့ မြန်မာအက်ပ်တွေထဲမှာ ဒေါင်းယူကြိမ်ရေ အများဆုံး အက်ပ်တွေက
MyID – Your Digital Hub,
WavePay APP by Wave Money,
MyTelenor,
MytelPay,
Myanmar 2D 3D,
Bagan - Myanmar Keyboard,
MPT 4 U, Mahar,
ShweStream - Shwe Stream Myanmar Korean Movies,
My Ooredoo Myanmar
တို့ဖြစ်ပါတယ်။


မြန်မာ အက်ပ်တွေရဲ့ rating ကြယ်ပွင့် ဘယ်လို အခြေအနေ ရှိသလဲ


Google Play ပေါ်မှာ မြန်မာ အက်ပ် ပတ်ဘလစ်ရှာတွေရဲ့ အက်ပ်တွေ ၁,၂၃၀ ကျော် ရှိနေပြီး ပျမ်းမျှ ကြယ်ပွင့် rating က ကြယ် ၅ ပွင့်မှာ ၄.၂၄ ပွင့် ဖြစ်ပါတယ်။
Google Play ရဲ့ ပျမ်းမျှ ကြယ်ပွင့် rating က ၃.၆၃ ဖြစ်တာကြောင့် မြန်မာ အက်ပ် ပတ်ဘလစ်ရှာတွေရဲ့ အက်ပ်တွေ ရရှိထားတဲ့ ကြယ်ပွင့် rating က ပျမ်းမျှ ထက် သာပါတယ်။
မြန်မာ အက်ပ် ပတ်ဘလစ်ရှာတွေရဲ့ အက်ပ်တွေကို ကြယ်ပွင့် rating ပေးတဲ့ ပျမ်းမျှကြိမ်ရေက ၁,၀၃၇ ဖြစ်ပါတယ်။
Google Play ရဲ့ အက်ပ်တွေကို ကြယ်ပွင့် rating ပေးတဲ့ ပျမ်းမျှကြိမ်ရေက ၁,၆၄၀ ဖြစ်ပါတယ်။ အက်ပ်တွေကို ကြယ်ပွင့် rating ပေးတဲ့ ပျမ်းမျှကြိမ်ရေက Google Play ရဲ့ ပျမ်းမျှကြိမ်ရေထက် နည်းပါးတယ်။ အက်ပ် သုံးကြသူ အများစုက ကြယ်ပွင့် ပေးဖို့ အရေးမလုပ်ကြတာကြောင့် ဖြစ်ပါတယ်။

Read times
Rate this item
(1 Vote)