လူဦးရေ ၃ ဘီလီယံ ယခုအထိ အင်တာနက် မရသေးဟုဆို

လူဦးရေ ၃ ဘီလီယံ ယခုအထိ အင်တာနက် မရသေးဟုဆို

 

၂၀၂၁ နှစ်ကုန်တွင် ကမ္ဘာ့လူဦးရေ ၃၈% ခန့်( လူဦးရေ ၂.၉ ဘီလီယံ ) တို့မှာ အင်တာနက် မရရှိကြသေးကြောင်း China International Development Knowledge Center  မှ ပထမဆုံးအကြိမ် ထုတ်ဝေတဲ့ "ကမ္ဘာ့ဖွံ့ဖြိုးရေးအစီရင်ခံစာ" မှာ ဖော်ပြထားပါတယ်။

အင်တာနက်မရတဲ့ လူဦးရေ ၂.၉ ဘီလီယံရဲ့ ၉၆% ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ နေထိုင်ကြပါတယ်။ 

၂၀၂၀ ခုနှစ်မှာ အင်တာနက်အသုံးပြုသူများရဲ့ ၇၅.၆% က မြို့ပြမှာ နေထိုင်ကြသူတွေ ဖြစ်ပါတယ်။

 

အင်တာနက် မရကြတဲ့ အကြောင်းတရားများမှာ အောက်ပါ အကြောင်းအချက်များ ပါဝင်ပါတယ်။ 

 

- ဝင်ငွေနည်းပါးပြီး အင်တာနက် ချိတ်ဆက်ထားဖို့ စရိတ်စကများက ကြီးမားနေခြင်း

- စမတ်ဖုန်းအပါအဝင် အင်တာနက်သုံးဖို့ ကိရိယာ ဝယ်ဖို့ ငွေကြေးမတတ်နိုင်ခြင်း

- ဒစ်ဂျစ်တယ် တတ်သိမှု မရှိသဖြင့် အင်တာနက်ကို မသုံးတတ်ခြင်း

 

ကမ္ဘာ့ဒစ်ဂျစ်တယ် စီးပွား

၂၀၁၉-၂၀၂၀ မှာ ကမ္ဘာ့ဒစ်ဂျစ်တယ်စီးပွား အရွယ်အစား ဆက်လက်ကြီးထွားပါတယ်။ ကပ်ရောဂါကာလအတွင်း ဒစ်ဂျစ်တယ်ပစ္စည်းများ၊ ဒစ်ဂျစ်တယ် ဝန်ဆောင်မှုများက ထောက်ကူပေးတဲ့ အခန်းကဏ္ဍ ပိုမိုသိသာထင်ရှားခဲ့ပါတယ်။

၂၀၂၀ မှာ ဖွံ့ဖြိုးဆဲနိုင်ငံများမှာ ဒစ်ဂျစ်တယ် စီးပွား ကြီးထွားနှုန်း ၃.၀၈% ရှိပါတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံများမှာ ၂.၉၉% ရှိပါတယ်။

 

ဒစ်ဂျစ်တယ်ကုန်သွယ်မှုက ကမ္ဘာ့ကုန်သွယ်ရေး ကြီးထွားမှုမှာ အရေးပါတဲ့ မောင်းနှင်အားတစ်ရပ် ဖြစ်လာပါတယ်။ ကမ္ဘာ့ ဒစ်ဂျစ်တယ် ပစ္စည်းပေးပို့ခြင်းဆိုင်ရာ ဝန်ဆောင်မှုရဲ့ ကုန်သွယ်ရေးမှာ ပြည်ပတင်ပို့တဲ့ တန်ဖိုးပမာဏက ၂၀၀၅ မှာ ကန်ဒေါ်လာ ၁.၂ ထရီလီယံ ရှိခဲ့ပြီး ၂၀၂၀ မှာ ကန်ဒေါ်လာ ၃.၁ ထရီလီယံ ဖြစ်လာပါတယ်။ ကုန်စည်များနှင့် ဝန်ဆောင်မှုများအတွက် ကုန်သွယ်ရေး ကြီးထွားနှုန်းထက် သာလွန်နေပါတယ်။

 

 #MyanmarICTGuide 

Read times
Rate this item
(0 votes)