ဇူလိုင် ၂၀ နောက်ဆုံးထား လိုင်စင်အသစ် မှတ်ပုံတင်ခြင်း မပြုသည့် နည်းပညာပလက်ဖောင်းများ ပိတ်ပင်မည်ဟု အင်ဒိုနီးရှား ပြောကြား

ဇူလိုင် ၂၀ နောက်ဆုံးထား လိုင်စင်အသစ် မှတ်ပုံတင်ခြင်း မပြုသည့်  နည်းပညာပလက်ဖောင်းများ ပိတ်ပင်မည်ဟု အင်ဒိုနီးရှား ပြောကြား

 

Google နှင့် Meta ကဲ့သို့သော နည်းပညာကုမ္ပဏီကြီးအများအပြားသည် လိုင်စင်စည်းမျဉ်းအသစ်များအရ မှတ်ပုံတင်ခြင်း မပြုကြသေးကြောင်း၊ ဇူလိုင် ၂၀ ရက် နောက်ဆုံးထား၍ မှတ်ပုံတင်ခြင်း မပြုသေးလျှင် ၎င်းတို့၏ပလက်ဖောင်းများကို ပိတ်ပင်ခံရမည်ဖြစ်ကြောင်း အင်ဒိုနီးရှားက တနင်္လာနေ့ (ဇူလိုင် ၁၈) မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

 

၂၀၂၀ နိုဝင်ဘာလတွင် စတင်ထုတ်ပြန်ခဲ့သော စည်းမျဉ်းအသစ်များတွင် အာဏာပိုင်များက ဥပဒေမဲ့ဟုယူဆရသည့် အကြောင်းအရာများ၊ အများပြည်သူ တည်ငြိမ်အေးချမ်းရေးကို အနှောက်အယှက်ပြုသည့် အကြောင်းအရာများကို ပလက်ဖောင်းပေါ်မှ  ၂၄ နာရီအတွင်း ဖယ်ရှားရန် အမိန့်ပေးစေခိုင်းနိုင်မည် ဖြစ်ပြီး အကယ်၍ အရေးပေါ်ဟု ယူဆပါက ၄ နာရီအတွင်း ဖယ်ရှားရန် စေခိုင်းနိုင်ဖို့ အချက်များ ပြဋ္ဌာန်းထားပါတယ်။ 

တနင်္လာနေ့အထိ ပြည်တွင်းကုမ္ပဏီ ၅,၉၀၀ ကျော် မှတ်ပုံတင်ထားပြီးပြီ ဖြစ်ပါတယ်။ ဗီဒိယိုအတို အက်ပ် TikTok  ၊ အွန်လိုင်း သီချင်းဖွင့်ပေးတဲ့ Spotify တို့အပါအဝင် ပြည်ပကုမ္ပဏီ ၁၀၈ ခုတို့လည်း မှတ်ပုံတင်ထားပြီးပြီ ဖြစ်ပါတယ်။ 

 

Alphabet Inc ရဲ့ Google ၊ Twitter ၊  Facebook, Instagram နှင့် WhatsApp တို့ကို ပိုင်ဆိုင်ထားတဲ့ Meta Platforms Inc တို့ မှတ်ပုံမတင်ကြရသေးပါဘူး။

 

Statista မှ ထုတ်ပြန်တဲ့ အချက်အလက်များအရ အင်ဒိုနီးရှားမှာ ၂၀၂၂ ဖေဖော်ဝါရီလမှာ ဆိုရှယ်မီဒီယာ သုံးစွဲသူ ခန့်မှန်းခြေအားဖြင့် ဦးရေ ၁၉၁ သန်း ရှိပါတယ်။ 

#MyanmarICTGuide

Telegram Channel
https://t.me/Guid4U

Source: Reuters

Read times
Rate this item
(0 votes)