ဘရာဇီး တရားမဝင်ရွှေ ဝယ်လက်များထဲ အမေရိကန် နည်းပညာလုပ်ငန်းကြီးများ ပါဝင်နေ
အမေဇုန်သစ်တောတွင် တရားမဝင် ရွှေဝယ်ယူတဲ့ ကုန်သည်များနှင့်အတူ အီတလီ ရွှေအရည်ကျိုကုမ္ပဏီ Chimet အား ဘရာဇီးရဲတပ်ဖွဲ့က တရားစွဲဆိုထားပါတယ်။
စုံစမ်းစစ်ဆေးမှုအရ တရားမဝင်ရွှေများကို အများဆုံးဝယ်ယူသူများဟာ အမေရိကန်နည်းပညာကုမ္ပဏီများ ဖြစ်နေပါတယ်။
Amazon ၊ Apple ၊ Microsoft နှင့် Google ရဲ့ မိခင်ကုမ္ပဏီ Alphabet တို့ စာရင်းတွင် ပါဝင်နေပါတယ်။
နည်းပညာကုမ္ပဏီများက အီလက်ထရွန်နစ် ပစ္စည်းများရဲ့ ဆားကစ်ဘုတ်များတွင် ရွှေအနည်းငယ်ကို အသုံးပြုလေ့ရှိပါတယ်။
ဘရာဇီးဖက်ဒရယ်ရဲတပ်ဖွဲ့က Chimet က ရွှေကုန်သည်လုပ်ငန်း CHM do Brasil ထံမှ ကန်ဒေါ်လာသန်းပေါင်းများစွာတန်သော ရွှေများကို ၀ယ်ယူခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ ထို့ပြင် တရားမဝင် ရွှေတူးယူသူများထံမှလည်း ဝယ်ယူခဲ့ပါတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
အမေရိကန်နည်းပညာကုမ္ပဏီ လေးခုဖြစ်တဲ့ Amazon ၊ Apple ၊ Microsoft နှင့် Google ရဲ့ မိခင်လုပ်ငန်း Alphabet တို့က ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ရွှေဝယ်ယူခဲ့တဲ့ ရွှေသန့်စင်ရေးလုပ်ငန်းများ ၁၀၀ ကျော် စာရင်းထဲမှာ Chimet ပါဝင်ပါတယ်။
Chimet က တရားမဝင်ရွှေများ ဝယ်ယူတဲ့အတွက် Chimet ထံမှ ရွှေဝယ်ယူတဲ့ အမေရိကန် နည်းပညာလုပ်ငန်းကြီးများဟာလည်း တရားမဝင် ရွှေဝယ်ယူသူများ ဖြစ်နေပါတယ်။
၂၀၁၉ ခုနှစ်တွင် တက်လာသော ဘရာဇီးလ် လက်ယာယိမ်းသမ္မတ Jair Bolsonaro က တိုင်းရင်းသားနယ်မြေများတွင် သတ္တုတူးဖော်ခြင်းများကို တရားဝင် လုပ်ကိုင်ခြင်း ဖြစ်ဖို့ ဆောင်ရွက်ပါတယ်။
အဲဒီအတွက် မှောင်ခို ဈေးကွက် ပေါ်ပေါက်လာခဲ့ပြီး တရားမဝင် ရွှေရှာသူများ ပိုများသွားစေခဲ့ပါတယ်။ အမေဇုံ သစ်တောအုပ်ထဲ ရွှေသန့်စင်ဖို့ သုံးစွဲကြတဲ့ ပြဒါး မာကျူရီ အဆိပ်များ ပတ်ဝန်းကျင်ညစ်ညမ်းမှုများ ဖြစ်ပေါ်နေစေပါတယ်။ ဒေသခံ တိုင်းရင်းသားများနှင့်လည်း ပဋိပက္ခ ဖြစ်ပွားမှုများ မကြာခဏ ပေါ်ပေါက်ပါတယ်။
သမ္မတသက်တမ်း ၂ နှစ်တာအတွင်း တရားမဝင်ရွှေ ၈၄ တန် ထုတ်လုပ်ခဲ့တယ်လို့ ခန့်မှန်းပါတယ်။ ဘရာဇီးနိုင်ငံ ရွှေထုတ်လုပ်မှု စုစုပေါင်းရဲ့ ထက်ဝက်နီးပါး ဖြစ်ပါတယ်။
ရွှေသန့်စင်လုပ်ငန်း Chimet ကို စစ်ဆေးနေဆဲ ဖြစ်ပါတယ်။
#MyanmarICTGuide
Telegram Channel https://t.me/Guid4U
Source Gizchina