တရုတ်ပြည်တွင်း စမတ်ဖုန်း ရောင်းအားကျ
ယခုနှစ် ဒုတိယ၃လပတ် (ဧပြီ၊ မေ၊ ဇွန်) တွင် တရုတ်နိုင်ငံ၌ စမတ်ဖုန်းရောင်းအား ကျဆင်းခဲ့သည်။
Counterpoint ၏ Market Pulse အစီရင်ခံစာအရ ရောင်းအားသည် ယမန်နစ် ဒုတိယ၃လပတ်ထက် ၁၄.၂% ကျဆင်းသွားသည်။
ဧပြီ၊ မေ၊ ဇွန် ၃လတာအတွင်း စမတ်ဖုန်း အလုံးရေ စုစုပေါင်း သန်း ၆၀ တရုတ်ပြည်တွင်း ဈေးကွက်မှာ ရောင်းချခဲ့သည်။
ဒုတိယသုံးလပတ်၏ ရောင်အားပမာဏသည် ၂၀၂၀ ခုနှစ် COVID-19 ကပ်ရောဂါဖြစ်ပွားခဲ့သည့် ပထမသုံးလပတ်အတွင်း တွေ့ရသည့် ရောင်းအားရေချိန်ထက် ၁၂.၆ ရာခိုင်နှုန်း နိမ့်ကျခဲ့သည်။
တရုတ်ပြည်တွင်း ဈေးကွက်ထဲသို့ စမတ်ဖုန်း ပေးပို့မှုများသည် ၂၀၁၆ ခုနှစ် စတုတ္ထ ၃ လပတ်တွင် ရရှိခဲ့သော အများဆုံးစံချိန်၏ ထက်ဝက်ထက် လျော့နည်းပါသည်။
တရုတ်ပြည်တွင်းဈေးကွက်မှာ ရောင်းအားကျဆင်းရသည်မှာ ကုန်ဈေးနှုန်းများ မြင့်တက်ခြင်း၊ ရုရှားယူကရိန်းစစ်ပွဲ၊ ကိုဗစ်လော့ဒေါင်းများတို့ကြောင့် ဖြစ်သည်။
Brand အရ ကြည့်လျှင် ယခုနှစ် ဒုတိယ ၃ လပတ်တွင် Vivo က တရုတ်ပြည်တွင်းဈေးကွက်ကို ဦးဆောင်နေသည်။ ဈေးကွက်ဝေစု ၁၉.၈% ရရှိသည်။ Vivo S12 series ရောင်းအားကောင်းနေခဲ့သည်။
Honor သည် စျေးကွက်ဝေစု ၁၈.၇ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာတွင် ရပ်တည်ခဲ့သည်။ ယမန်နှစ် ဒုတိယ ၃ လပတ်တွင် ၇.၇% မျှသာ ရရှိခဲ့သည်။
တတိယနေရာကို OPPO က စျေးကွက်ဝေစု ၁၇.၉ ရာခိုင်နှုန်းဖြင့် ရယူထားသည်။
Apple သည် စျေးကွက်ဝေစု ၁၅.၅ ရာခိုင်နှုန်းဖြင့် စတုတ္ထနေရာကို ဆက်လက်ထိန်းသိမ်းထားသည်။iPhone 13 series ရောင်းအားကောင်းခဲ့ပါသည်။
Xiaomi သည် ရှယ်ယာ ၁၄.၉ ရာခိုင်နှုန်းဖြင့် ပဉ္စမနေရာတွင် ရပ်တည်ခဲ့သည်။ ဇွန်လတွင် Redmi K50 နှင့် Note 11 series တို့ ရောင်းအား ကောင်းခဲ့ပါသည်။
Huawei က ၆.၉% ၊ Realme က ၂.၄% ၊ အခြား brand များက ၄.၃% ဈေးကွက်ဝေစု အသီးသီး ရရှိကြသည်။
၂၀၂၂ ဒုတိယ ၃ လပတ်တွင် စမတ်ဖုန်းများ ရောင်းအား အားရစရာ မရှိသော်လည်း ပရီမီယံ အမြင့်တန်းတွင် ရောင်းအား တက်ခဲ့သည်ဟု Counterpoint က ဆိုသည်။
#MyanmarICTGuide
Telegram Channel https://t.me/Guid4U
Source gizmochina