Dota2 Counter-Strike Yahoo! Paypal တို့ကို အင်ဒိုနီးရှား ပိတ်ပင်ထား

Dota2 Counter-Strike  Yahoo! Paypal တို့ကို အင်ဒိုနီးရှား ပိတ်ပင်ထား

 

လိုင်စင်စည်းမျဉ်းများကို လိုက်နာရန် ပျက်ကွက်ခြင်းကြောင့် ရှာဖွေရေးအင်ဂျင်ဝက်ဘ်ဆိုက် Yahoo၊ ငွေပေးချေမှုကုမ္ပဏီ Paypal နှင့် ဂိမ်းဆဝဘ်ဆိုဒ်အများအပြားကို အင်ဒိုနီးရှားမှ ပိတ်ပင်ထားလိုက်ပြီ ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ယနေ့ ပြောကြားခဲ့ပြီး လူမှုမီဒီယာတွင် တုံ့ပြန်မှုများ ပေါ်ပေါက်ခဲ့သည်။

https://drive.google.com/uc?export=view&id=1a5WfkY0AdeJDpOn0Zdaq-S4DePu1K927

 

Annotation_2022-07-30_183640.jpg

 

၂၀၂၀ ခုနှစ် နိုဝင်ဘာလနှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သော စည်းမျဉ်းများအရ အွန်လိုင်းလုပ်ငန်းများ  မှတ်ပုံတင်ရန် လိုအပ်ပါတယ်။ အစိုးရက လိုအပ်လို့ တောင်းခံလာရင် သုံးစွဲသူရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်များ ပေးအပ်ဖို့ လိုပါတယ်။ 

လိုင်စင်စည်းကမ်းအသစ်မှာ  ဥပဒေမဲ့ဟုယူဆရသည့် အကြောင်းအရာများ သို့မဟုတ် "အများပြည်သူ အေးချမ်းသာယာရေးကို နှောင့်ယှက်သည့် အကြောင်းအရာများကို အင်ဒိုနီးရှား အစိုးရက  အွန်လိုင်းမှ ဖယ်ရှားဖို့ စေခိုင်းတဲ့အခါ အရေးတကြီး လိုအပ်ချက် ဖြစ်ပါက ၄ နာရီအတွင်း  ဖယ်ရှားပေးရမှာ ဖြစ်ပြီး အကယ်၍ အရေးတကြီး လိုအပ်ချက် မဟုတ်ပါက ၂၄ နာရီအတွင်း ဖယ်ရှားပေးရမယ်ဆိုတဲ့ စည်းကမ်းချက် ပါဝင်ပါတယ်။

 

 ယခင်ဖော်ပြချက်

ဇူလိုင် ၂၀ နောက်ဆုံးထား လိုင်စင်အသစ် မှတ်ပုံတင်ခြင်း မပြုသည့် နည်းပညာပလက်ဖောင်းများ ပိတ်ပင်မည်ဟု အင်ဒိုနီးရှား ပြောကြား

 

 

‌လိုင်စင်မှတ်ပုံတင်ရမယ့် နောက်ဆုံးရက်ကို အင်ဒိုနီးရှားအစိုးရက ဇူလိုင်လ ၂၈ ရက်သို့ ရွှေ့ဆိုင်းပေးခဲ့ပြီး မှတ်ပုံတင်ကြဖို့ တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။ 

Alphabet ရဲ့ Google, Meta Platforms ရဲ့  Facebook, Instagram, WhatsApp နှင့် Amazon အစရှိတဲ့ နည်းပညာလုပ်ငန်းများ အမြန်အဆန် မှတ်ပုံတင်လိုက်ကြပါတယ်။

 

အင်ဒိုနီးရှား ဆက်သွယ်ရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိ Semuel Arijani Pangerapan က ပိတ်ဆို့ခံထားရတဲ့ ဝဘ်ဆိုဒ်များတွင် Apollo Global Management ရဲ့ Yahoo၊ Paypal နှင့် Valve Corporation ရဲ့ Steam၊ Dota2၊ Counter-Strike နှင့် EpicGames အစရှိတဲ့ ဂိမ်းဆိုဒ်များ ပါဝင်ကြောင်း အသိပေးပါတယ်။ 

 

အဆိုပါ ဝဘ်ဆိုဒ်များကို ပုံမှန်သုံးစွဲနေကြသူများက Twitter မှာ #“BlokirKominfo” လို့ Hashtag တွဲပြီး အစိုးရကို  ဝေဖန်ပြစ်တင်‌ေနကြပါတယ်။

 

အင်ဒိုနီးရှားမှာ အင်တာနက် ပုံမှန်သုံးစွဲသူဦးရေ ခန့်မှန်းခြေအားဖြင့် ၁၉၁ သန်း ရှိပါတယ်။

 

#MyanmarICTGuide
Telegram Channel  https://t.me/Guid4U

source: FMT

Read times
Rate this item
(0 votes)