IFA ပြပွဲတွင် Honor ပါဝင်ပြသမည်
Honor အမှတ်တံဆိပ်သည် နှစ်စဉ် နိုင်ငံတကာ လူသုံးအီလက်ထရွန်းနစ် IFA ပြပွဲတွင် ပါဝင်ရန် ရည်ရွယ်ကြောင်း ကြေညာခဲ့သည်။
IFA ပြပွဲကြီးသည် ဂျာမနီတွင် ရှေးအကျဆုံး လုပ်ငန်းပြပွဲများထဲမှ တစ်ခုဖြစ်ပြီး ကမ္ဘာပေါ်တွင် အကြီးဆုံး ကုန်စည်ပြပွဲများထဲမှာလည်း တစ်ခုအပါအဝင် ဖြစ်သည်။ ပြပွဲမိတ်ဆက် ဗီဒီယိုကို အောက်ဆုံးတွင် ဖော်ပြပေးထားပါသည်။
IFA ပြပွဲကြီးသည် အိမ်သုံး အီလက်ထရွန်းနစ်ပစ္စည်း စျေးကွက်၏ အသစ်အဆန်းများကို ပြသကြသည့်ပြပွဲ ဖြစ်ပြီး ၁၉၂၄ ခုနှစ်ကတည်းက စတင်ခဲ့ပါသည်။
ပြီးခဲ့သည့်နှစ်က ကိုဗစ်ကူးစက်ရောဂါကြောင့် IFA ပြပွဲကို ဖျက်သိမ်းခဲ့သော်လည်း ယခုနှစ်တွင် IFA2022 ကို အစဉ်အလာမပျက် ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် ကျင်းပမည်ဖြစ်သည်။ အဆိုပါပြပွဲကို စက်တင်ဘာ ၂ ရက်မှ ၆ ရက်နေ့အထိ ပြသမည်။
Honor မှ စမတ်ဖုန်းမော်ဒယ် အသစ်များကို series အလိုက် စုံစုံလင်လင်ဖြင့် စက်တင်ဘာလ ၂ ရက်နေ့မှာ IFA2022 တွင် ပြသပါမည်။
Honor သည် နောက်ဆုံးထုတ်ပစ္စည်းများကို IFA ပြပွဲတွင် အော့ဖ်လိုင်းသရုပ်ပြမှုကို စီစဉ်မည်ဖြစ်ပြီး အွန်လိုင်းတင်ဆက်မှုများကိုလည်း ပူးတွဲ ကျင်းပမည်ဖြစ်သည်။
ထုတ်လုပ်မည့် စမတ်ဖုန်းများ၊ တက်ဘလက်များ၊ လက်တော့ပ်များနှင့် ကြိုးမဲ့စစ်စစ်နားကြပ်များ (true wireless headphones TWS) ကို Honor က မိတ်ဆက်ပြသမည်။
Honor အမှုဆောင်အရာရှိများသည် ပြပွဲတရားဝင်ဖွင့်ပွဲနေ့ဖြစ်သည့် စက်တင်ဘာ ၂ ရက်တွင် ပစ္စည်းသစ်များကို မိတ်ဆက် ပြောကြားမည်ဖြစ်သည်။
MICTG