Google Play Store စည်းကမ်းအသစ်များဖြင့် တရစ်ပြီးတစ်ရစ် တင်းကျပ်

Google Play Store စည်းကမ်းအသစ်များဖြင့် တရစ်ပြီးတစ်ရစ် တင်းကျပ်

 

Android အက်ပ်များအတွက် နေ့သစ်တစ်ခု ရောက်လာတော့မည်။ 

 Google သည် အနှောင့်အယှက်ပေးသောကြော်ငြာများ၊ အတုအယောင်ဆောင်သူများနှင့် VPNService အလွဲသုံးစားမှုများကို ဖယ်ရှားရန် ကြိုးပမ်းနေရာ၌ developer များအတွက် Play Store စည်းမျဉ်းအသစ်များကို အကောင်အထည်ဖော်နေပါသည်။

 

ကြီးမားသောပြောင်းလဲမှုများကို တစ်ရစ်ပြီးတစ်ရစ် တိုးမြှင့်လာမည်ဖြစ်ရာ ပထမစည်းမျဉ်းသည် ဩဂုတ်လ ၃၁ ရက်တွင် စတင်အသက်ဝင်မည်ဖြစ်ပြီး နောက်ဆုံးအဆင့်သည် ၂၀၂၃  ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် အပြီးသတ်မည်ဖြစ်သည်။

 

စည်းမျဥ်းများက Play Store ရှိ developer အချို့တို့၏ အောက်တန်းကျသောအလေ့အကျင့်များကို မဖြစ်မနေ ရှင်းထုတ်ပစ်ရန် လိုအပ်သည်။ ထိုသို့ ရှင်းထုတ်ရန်အတွက်  Google က အချိန်အလုံအလောက် ပေးထားပါသည်။

 

အသုံးအနှုန်းများကိုလည်း ရှင်းရှင်းလင်းလင်း ဖြစ်စေမည့် မူဝါဒများ ချမှတ်ပါသည်။ 

ထင်ယောင်ထင်မှား ဖြစ်ရသည်များ ဖယ်ရှား ရှင်းလင်း ပစ်မည် ဖြစ်သည်။

ဩဂုတ်လ ၃၁ ရက်နေ့မှ စတင်၍ အက်ပ်များသည် အခြားသော developer/company များဟု ထင်ယောင်ထင်မှား ဖြစ်အောင် အယောင်ဆောင်ခြင်း၊ ဆင်တူရိုးမှား ပြုခြင်းများ ပြုခွင့်ရတော့မည် မဟုတ်ချေ။ 

 ၎င်းအက်ပ်သည် အခြားအက်ပ်တစ်ခုခုနှင့် ဆက်စပ်နေသည်ဟု လွဲမှားစွာ ထင်မြင်မိအောင် လုပ်ခွင့် မပေးတော့ချေ။ 

 

agregratroe_-00-0-.png

 

 Google က ဥပမာ ပေးပြီး ရှင်းပြထားပါသည်။

 Google Developer က  RSS News Aggregator အက်ပ်ကို ဖန်တီးထားသည်။ 

 ဤသည်မှာ အယောင်ဆောင်လိုက်ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် Google LLC အောက်တွင် ရှိသယောင်ယောင် ဖြစ်အောင် လုပ်ထားသည်။ Google အမည်ကို အလွဲသုံးစား လုပ်ထားသည်။

YouTube Aggregator အက်ပ်က YouTube တရားဝင် လိုဂိုကို ယူသုံးထားပြီး YouTube Aggregator သည် YouTube ၏ တရားဝင်အက်ပ် ဟု ထင်ယောင်ထင်မှား ဖြစ်အောင် အကွက်ဆင်ထားသည်။ အကယ်စင်စစ် YouTube နှင့် တရားဝင် ပတ်သက်ခြင်း အလျဉ်း မရှိချေ။

 

စက်တင်ဘာလ ၃၀ ရက်တွင် စခရင်အပြည့် ကြော်ငြာ ကြားဖြတ်ထိုးခြင်းများ အချိန်ကြာမြင့်ပါက  ခွင့်မပြုတော့ချေ။

 

စခရင်အပြည့် ကြော်ငြာ ကြားဖြတ်ပြသပါက ၁၅ စက္ကန့် ကြာပြီးသည်နှင့် ကြော်ငြာ အလိုလို ကွယ်ပျောက်သွားရမည်။

 

small_soze_full_ad_9889.gif

 

ဂိမ်းကစားနေစဉ် pop up ကြားဖြတ် ပေါ်ထွက်လာပြီး စခရင်အပြည့် နေရာယူထားသော ကြော်ငြာများ ကြာကြာ ပြသခွင့် မရှိတော့ချေ။ ကြော်ငြာများ ပြသခွင့် ဆက်လက်ခွင့်ပြုထားမည် ဖြစ်သော်လည်း စခရင်အပြည့် ပိတ်ကာနေသော ကြော်ငြာဖြစ်နေပါက ကြာကြာပြသရန် ခွင့်မပြုပါ။

 

 


Download

 

ဝဘ်ဆိုက်တွင် scrolling ပွတ်နေစဉ်  စခရင်အပြည့် ကြော်ငြာကို ကြာကြာပြသသော အက်ပ်ကိုလည်း ခွင့်မပြုပါ။ 

 

 စက်တင်ဘာလ ၃၀ ရက်တွင် စတင်သက်ရောက်မည့် နောက်ထပ် စည်းကမ်းချက်မှာ subscription လစဉ်ကြေး နှစ်စဉ်ကြေး ရယူသည့် ဝန်ဆောင်မှု ဖြစ်ပါက မည်သို့ စီမံဆောင်ရွက်နိုင်သည်ကို ရှင်းလင်းလွယ်ကူစွာ သိနိုင်ရမည်။ ဆောင်ရွက်နိုင်ရမည်။ လွယ်လင့်တကူ cancel လုပ်နိုင်ရမည်။ cancellation process ကို ရှာရခက်အောင် လုပ်ထားခွင့် မရှိတော့ချေ။ ဝင်္ကပါထဲ မျက်စိလည်နေအောင် လုပ်ထားခြင်းမျိုးကို လက်ခံမည် မဟုတ်ချေ။

 

 VPN (virtual private network) သုံးစွဲသော အက်ပ်များအတွက်လည်း Google က စည်းကမ်း တင်းကျပ်ပါသည်။

နိုဝင်ဘာလ ၁ ရက်မှစ၍ Google ၏ VPNService ကို အလွဲသုံးစား လုပ်ခြင်းများ ခွင့်မပြုတော့ချေ။ 

 

၂၀၁၃ ဇူလိုင်လ ၃၁ ရက်တွင် Google က Exact Alarm Permission ကို တင်းကျပ်မည်။ alarm နှင့်  calendar အက်ပ်များတွင်သာ သုံးခွင့် ပေးမည်။

 

အသေးစိတ် အတိအကျ အပြည့်အစုံကို အောက်ပါလင့်တွင် ဖတ်ရှုစေလိုပါသည်။ 

 

Developer Program Policy: July 27, 2022 announcement ကို အောက်ပါလင့်တွင် ဖတ်ရှုနိုင်ပါသည်။

https://support.google.com/googleplay/android-developer/answer/12253906

 

 

Play Store တွင် အက်ပ်အကြောင်း ဖော်ပြချက်များ၊ screenshot များနှင့် ခေါင်းစဉ်များသည် အက်ပ်လုပ်ဆောင်သည့်အရာကို တိကျစွာ ထင်ဟပ်နေရပါမည်။ ထင်ယောင်ထင်မှား မဖြစ်စေရ။

ဥပမာ puzzle game app ကို action game app ဟု ထင်မိစေမည့် screenshot ပုံကို မသုံးရပါ။ 

 

အရွယ်ရောက်ပြီးသူအတွက် ပြသသော ကြော်ငြာကို ဆယ်ကျော်သက်များ ကစားခွင့်ရှိသော အက်ပ်တွင် ပြသခြင်း မပြုရ။ 

 

အန္တရာယ်ရှိသော ဆေးပညာဆိုင်ရာ အထင်မှားစရာများကို ပိုမိုတင်းကျပ်စွာ ပြဋ္ဌာန်းမည်။

ဥပမာ  ဆေးဝါးကို အထင်တကြီးဖြစ်အောင် တင်ပြခြင်း၊ ဆရာဝန်ဆေးစာဖြင့်သာ ရောင်းရမည့်ဆေးဝါးများကို ရောင်းချခြင်း။

 

မကြာသေးခင်က  Google Play Store သက်တမ်း ၁၀ နှစ်တင်းတင်း ပြည့်ခဲ့သည်။

စည်းကမ်းသစ်များနှင့် Play Store ရင့်ကျက်တည်ငြိမ်တော့မည်ဟု မျှော်လင့်ရပေသည်။

  #MyanmarICTGuide
Telegram Channel https://t.me/Guid4U

Read times
Rate this item
(3 votes)