Google Play Store မှာ အက်ပ်ဗားရှင်းနံပါတ် ဖယ်ရှား
Google Play Store တွင် အက်ပ်၏ ဗားရှင်းနံပါတ်ကို မမြင်နိုင်တော့ပါ။ အက်ပ်၏ နောက်ဆုံးအပ်ဒိတ်ရက်စွဲကိုသာ ပြသထားသည်။
အက်ပ် အသုံးပြုသူတို့အတွက် အထိုက်အလျောက် တန်ဖိုးရှိသော အသိပေးချက်ကို ဖယ်ရှားထားခြင်းအတွက် Google က တစ်စုံတစ်ရာ မြွက်ဆိုခြင်း မပြုသေးချေ။ ဖယ်ရှားထားလိုက်ပြီ ဖြစ်ကြောင်းကိုလည်း အသိပေးကြေညာသည်ကိုလည်း မတွေ့ရချေ။
Android စမတ်ဖုန်းများအတွက် Google Play Store တွင် အက်ပ်စာမျက်နှာသို့ သွားရောက်လိုက်ပါ။
စာလုံးအသားထူထူဖြင့် ဖော်ပြပေးထားသည့် About This App နှင့် တည့်တည့်တန်းတန်း ယာဘက်အစွန်တွင် ဖော်ပြထားသော မြားခေါင်းကို တို့ထိလိုက်ပါက အက်ပ်၏ အကြောင်းအချက်များ ဖော်ပြထားသည့် စာမျက်နှာသို့ ရောက်ရှိသွားမည်။
ယခင်ဖော်ပြပေးခဲ့သည့် Version numbers မပါတော့ချေ။
Google က တစ်စုံတစ်ရာ မြွက်ဆိုခြင်း မပြုသဖြင့် ယခုအခါ Google Play Store မွမ်းမံနေရာ၌ bug ရှိနေသဖြင့် ဗားရှင်းနံပါတ် မပေါ်ခြင်းသာ ဖြစ်လိမ့်မည်၊ Google က တမင် ရည်ရွယ်ချက်ရှိရှိဖြင့် ဗားရှင်းနံပါတ်ကို ဖယ်ရှားပစ်ခြင်းမဟုတ်ဟု အချို့က ယူဆသည်။
#MyanmarICTGuide
Telegram Channel https://t.me/Guid4U
Source : 9to5google