စမတ်ဖုန်းဖြင့် မိုဘိုင်းအက်ပ်များ တစ်နေ့သုံးစွဲချိန် လေ့လာတွေ့ရှိချက်များ Data.ai(App Annie) ထုတ်ပြန်

စမတ်ဖုန်းဖြင့် မိုဘိုင်းအက်ပ်များ တစ်နေ့သုံးစွဲချိန် လေ့လာတွေ့ရှိချက်များ Data.ai(App Annie) ထုတ်ပြန်

 

Data.ai (ယခင် App Annie) နိုင်ငံပေါင်း ၁၃ နိုင်ငံတွင် မိုဘိုင်းလ်အက်ပ်စျေးကွက်ကို လေ့လာခဲ့ရာ စမတ်ဖုန်းအသုံးပြုသူများသည် မိုဘိုင်းအက်ပ်များပေါ်တွင် အချိန်ပို၍ သုံးစွဲနေကြကြောင်း တွေ့ရှိခဲ့ပါတယ်။ ယခုအခါ ပျမ်းမျှအားဖြင့် တစ်ရက်လျှင် ၄~၅ နာရီ သုံးစွဲနေကြပါတယ်။ 

 

 Annotation_2022-08-05_151243.jpg

မိုဘိုင်းလ်အက်ပ်များပေါ်တွင် လူများနေ့စဥ်သုံးစွဲတဲ့ အချိန်ပမာဏက နိုင်ငံအလိုက်ကွဲပြားသော်လည်း လေ့လာခဲ့တဲ့ နိုင်ငံပေါင်း ၁၃ နိုင်ငံမှာ နေထိုင်သူတွေက  ပျမ်းမျှအားဖြင့် တစ်နေ့လျှင် ၄ နာရီထက်ပို၍သုံးစွဲကြပါတယ်။ မိုးဘိုင်းအက်ပ်ကို တစ်ရက် ၄ နာရီကျော် သုံးစွဲကြသူတွေထဲမှဦ  အင်ဒိုနီးရှား၊ စင်ကာပူ၊ ဘရာဇီး၊ မက္ကဆီကို၊ သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ ကနေဒါ၊ ရုရှား၊ တူရကီ၊ အမေရိကန်နှင့် ဗြိတိန်တို့မှာ နေထိုင်ကြသူတွေ ပါဝင်ပါတယ်။ အသုံးများတဲ့ အက်ပ်တွေက Facebook , Instagram , TikTok တို့ ဖြစ်ပါတယ်။ 

 

Annotation_2022-08-05_151341.jpg

 

တွေ့ရှိချက် တစ်ခုက  မိုဘိုင်းအက်ပလီကေးရှင်းများ အသုံးပြုချိန်  တိုးများတဲ့နှုန်းက ကိုဗစ်ကပ်ဘေး အမြင့်မားဆုံးကာလဖြစ်တဲ့ ၂၀၂၀ ခုနှစ် ဒုတိယသုံးလပတ်နှင့် နှိုင်းယှဉ်ပါက ယခုအခါ နှေးသွားကြောင်း တွေ့ရှိရပါတယ်။ ၂၀၂၀ ခုနှစ် ဒုတိယသုံးလပတ်တုန်းက မိုဘိုင်းအက်ပ် အမျိုးအစား အကုန်လုံးမှာ သုံးစွဲသူတွေ အနည်းနှင့်အများ ပိုများလာခဲ့ပါတယ်။ ရေပန်းစားတဲ့ အက်ပ်တွေမှာ သုံးစွဲသူတိုးနှုန်း မြန်ဆန်ခဲ့ပြီး သုံးစွဲချိန် တိုးများနှုန်းလည်း မြန်ဆန်ခဲ့ပါတယ်။  ကမ္ဘာတစ်ဝှမ်းရှိ သုံးစွဲသူများသည် အိမ်ထဲမှာနေကြရလို့ အိမ်မှ အလုပ်လုပ်တယ်။ အိမ်မှ စာသင်တယ်။ အွန်လိုင်းစျေးဝယ်ကြတယ်။ မိုဘိုင်းဂိမ်းများ ပိုမိုကစားကြတယ်။ ဗီဒီယိုကွန်ဖရင့်ဝန်ဆောင်မှုအမျိုးမျိုးကို အသုံးပြုကာ တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ကြတယ်။

အဲဒီအလေ့အထကို တချို့နိုင်ငံတွေမှ သုံးစွဲသူများက ဆက်လက်ထိန်းသိမ်းထားကြတာ တွေ့ရပါတယ်။  မိုးဘိုင်းအက်ပ် အမျိုးမျိုး သုံးစွဲတဲ့အချိန်ကို ပိုမိုသုံးစွဲလာနေကြဆဲ ဖြစ်ပါတယ်။ 

 

၂၀၂၀ ခုနှစ် ဒုတိယသုံးလပတ်တွင် စင်ကာပူတွင် နေထိုင်သူများက မိုဘိုင်းအက်ပလီကေးရှင်းများတွင် တစ်ရက်လျှင် ပျမ်းမျှ ၄.၁ နာရီ အသုံးပြုကြပါတယ်။ ရာခိုင်နှုန်းအားဖြင့် ၄၀% တိုးပါတယ်။ 

ယခုနှစ် ၂၀၂၂ ၃ လပတ်မှာ အဲဒီသုံးစွဲချိန်က တစ်ရက်လျှင် ပျမ်းမျှ ၅.၇ နာရီ ဖြစ်ပါတယ်။ 

အလားတူပင် သြစတြေးလျမှာ ၃.၆ နာရီမှ ၄.၉ နာရီအထိတိုးလာပါတယ်။

 3.6 နာရီမှ 4.9 နာရီအထိတိုးလာသည်။   ၄၀% တိုးလာတာ ဖြစ်ပါတယ်။ 

 

Annotation_2022-08-05_151628.jpg

 

Annotation_2022-08-05_151612.jpg

 

Annotation_2022-08-05_151549.jpg

 

 

 

တစ်ချိန်တည်းမှာပင် data.ai က  ဒုတိယသုံးလပတ်တွင် လူကြိုက်အများဆုံးဂိမ်းများနှင့် အက်ပ်လီကေးရှင်းများ၏ အဆင့်သတ်မှတ်ချက်ကိုလည်း ထုတ်ပြန်ပေးခဲ့ပါတယ်။

ကမ္ဘာတစ်လွှား download ကြိမ်ရေဖြင့် တိုင်းတာတဲ့အခါ Instagram က ဦးဆောင်နေတာ တွေ့ရပါတယ်။ 

အက်ပ်မှာ ငွေကြေးသုံးစွဲခြင်းဖြင့် တိုင်းတာတဲ့အခါ  TikTok က ဦးဆောင်နေပါတယ်။ 

ဂိမ်းမဟုတ်သော အက်ပ်များထဲမှာ Monthly active users (MAU) လစဉ်ပုံမှန်သုံးစွဲသူများ ဦးရေအရ တိုင်းတာတဲ့အခါ Facebook က ဆက်လက်ဦးဆောင်နေဆဲ ဖြစ်ပါတယ်။ 

 #MyanmarICTGuide

Telegram Channel https://t.me/Guid4U

Source:Data.ai

Read times
Rate this item
(0 votes)