မိုဘိုင်းလ်ဖုန်း ကိုယ်ရေးကိုယ်တာ လုံခြုံရေး စိုးရိမ်ပူပန်သူ များပြားကြောင်း တယ်လီနော စစ်တမ်း တင်ပြ

မိုဘိုင်းလ်ဖုန်း ကိုယ်ရေးကိုယ်တာ လုံခြုံရေး စိုးရိမ်ပူပန်သူ များပြားကြောင်း တယ်လီနော စစ်တမ်း တင်ပြ

ဇူလိုင်လတွင် ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်တို့တွင် အသက် ၁၈ နှစ်အထက် မိုဘိုင်းလ်အင်တာနက် သုံးစွဲသူ ဦးရေ ၈,၂၂၇ ကို စစ်တမ်းကောက်ယူခဲ့သည့် Telenor Asia ၏ "Digital Lives Decoded" လေ့လာမှုတွင် ထိုင်းလူထုသည် လာမည့်နှစ်များအတွင်း ၎င်း၏ မိုဘိုင်းလ်အသုံးပြုမှု သိသိသာသာ တိုးလာရန် မျှော်လင့်ထားပြီး အခြားသော အာရှဈေးကွက်များထက် ပိုမိုများပြားလာမည်ဟု တင်ပြထားသည်။

 

 

ထိုင်းနိုင်ငံမှ စစ်တမ်းဖြေဆိုသူ ၈၂% က "လာမယ့်နှစ် ဒါမှမဟုတ် နှစ်နှစ်အတွင်းမှာ သူတို့ရဲ့ မိုဘိုင်းလ်ဖုန်းတွေကို ပိုမိုအသုံးပြုလာဖို့ မျှော်လင့်ထားတယ်" ဟု ဖြေကြားခဲ့ကြပါသည်။

 

 

ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့မှ မိုဘိုင်းဖုန်း သုံးစွဲသူများသည်  မိုဘိုင်းလ်ဖုန်းအပေါ်  မှီခိုအားထားမှု အများဆုံး ဖြစ်ကြောင်း စစ်တမ်းမှာ ဖော်ပြထားပါသည်။ စစ်တမ်း ဖြေဆိုသူတို့က မိုဘိုင်းဖုန်းကို ကိုယ်နှင့်မကွာ အမြဲထားကြောင်းလည်း ဖြေဆိုကြသည်။

စစ်တမ်းကောက်သည့် နိုင်ငံအသီးသီးမှ စစ်တမ်းဖြေဆိုသူအားလုံးနီးပါးက အနည်းဆုံးအနေဖြင့် နေ့တစ်ဝက်စာ အချိန်တွင် ၎င်းတို့နှင့်အတူ ဘိုင်းလ်ဖုန်း ရှိနေကြောင်း ဖြေဆိုကြသည်။ ပျမ်းမျှအားဖြင့် ၅ ဦးတွင် ၁ ဦးက  မိုဘိုင်းဖုန်းသည် ကိုယ်နှင့်မကွာ အမြဲရှိနေကြောင်း ဖြေကြားပါသည်။

 

 

စစ်တမ်းကောက်ယူသူ စုစုပေါင်း၏ ၇၆% က ၎င်းတို့သည် နည်းပညာအသုံးပြုမှုကို အလွန်အကျွံ မဖြစ်စေဘဲ မျှမျှတတ ဖြစ်နေစေကြောင်း ဖြေဆိုကြသည်။

 

 

မိုဘိုင်းလ်ကိရိယာများ၏ ကိုယ်ရေးကိုယ်တာနှင့် လုံခြုံရေးနှင့် ပတ်သက်၍ ဒေသတွင်းရှိ ဖြေဆိုသူ ၉၃ ရာခိုင်နှုန်းက ယင်းပြဿနာအတွက် စိုးရိမ်မိကြောင်း ဖြေကြားခဲ့ကြပါသည်။

Pages_from_Report_Telenor_Asia_Digital_Lives_Decoded_Part_One_Live_vF.jpg

 

 

 မိုဘိုင်းလ်ချိတ်ဆက်မှု ရရှိထားခြင်းကြောင့် သတင်းအချက်အလက်နဲ့ ပညာရေးကို ပိုမိုကောင်းမွန်စွာ လက်လှမ်းမီနိုင်စေကြောင်း၊ အလုပ်လုပ်ကိုင်ရန် ပိုအဆင်ပြေစေကြောင်း၊ ဝင်ငွေ တိုးစေကြောင်းတို့ကို အမျိုးသားတွေထက် အမျိုးသမီးတွေက ပိုမို အလေးအနက်ထား ယုံကြည်ကြကြောင်း လေ့လာမှုက ဖော်ပြပါသည်။

 

 

 "ကပ်ရောဂါမဖြစ်ခင်နဲ့ နှိုင်းယှဉ်ရင် မိုဘိုင်းလ်ဒေတာအသုံးပြုမှုက အာရှဈေးကွက်အများစုမှာ နှစ်ဆကျော် ပိုများလာပြီး အလုပ်မှာရော အိမ်မှာပါ ဆက်သွယ်ပြောဆိုပုံကို ပုံပြောင်းသွားအောင်  ပုံသွင်းခဲ့ပါတယ်"ဟု Telenor Asia အကြီးအကဲ Jorgen Rostrup က ပြောကြားသည်။

 Source "Digital Lives Decoded"

 #MyanmarICTGuide 

 Telegram Channel https://t.me/Guid4U

 

 

 



Read times
Rate this item
(0 votes)