Blockchain နှင့် Crypto Firms များတွင် ရင်းနှီးမြှုပ်နှံ ထိပ်တန်းကုမ္ပဏီ ၄၀ တွင် Samsung၊ Alphabet၊ BlackRock တို့ပါဝင်

Blockchain နှင့် Crypto Firms များတွင် ရင်းနှီးမြှုပ်နှံ ထိပ်တန်းကုမ္ပဏီ ၄၀ တွင်  Samsung၊ Alphabet၊ BlackRock တို့ပါဝင်

Google ၏ မိခင်ကုမ္ပဏီ Alphabet သည် blockchain နှင့် crypto ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံမှု အကြီးမားဆုံး ကုမ္ပဏီဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှု များပြားသည့် ကုမ္ပဏီများတွင် Samsung, UOB နှင့် Citigroup တို့ ပါဝင်သည်။

 

အီလက်ထရွန်းနစ်ကုမ္ပဏီကြီး Samsung ၊ ရင်းနှီးမြှုပ်နှံမှု စီမံခန့်ခွဲမှု ကုမ္ပဏီ BlackRock Inc ၊ နည်းပညာ ဧရာမလုပ်ငန်းကြီး Alphabet Inc တို့သည် အများပိုင်ကုမ္ပဏီအနေဖြင့် blockchain နှင့် crypto ကုမ္ပဏီများတွင် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူများဖြစ်ကြောင်းကို Crypto လေ့လာဆန်းစစ်ရေး ပလက်ဖောင်း Blockdata မှ စက်တင်ဘာ ၂၀၂၁ မှ ၂၀၂၂  ခုနှစ် ဇွန်လအတွင်း အချက်အလက်များကုိ လေ့လာမှုအရ  သိရသည်။ 

 

block_chain.png

 

 

Blockdata မှပံ့ပိုးပေးသောအချက်အလက်များအရ အဆိုပါကာလအတွင်းတွင် အဓိကကုမ္ပဏီကြီး ၄၀ ခုတို့သည် blockchain နှင့် crypto လုပ်ငန်းနယ်ပယ်များတွင်  လည်ပတ်နေသောစီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခဲ့သည်ဟု ဖော်ပြထားသည်။

 

ရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်းခုရေအရ ကြည့်လျှင် Samsung က ရင်းနှီးမြှုပ်နှံမှု ၁၃ ခု၊ UOB က ရင်းနှီးမြှုပ်နှံမှု  ၇ ခု၊ Citigroup Inc က ၆ ခုနဲ့ Goldman Sachs Group Inc က ၅ ခု ရှိပါသည်။ 

 

ရင်းနှီးမြှုပ်နှံသည့် ပမာဏအရ ကြည့်လျှင် Alphabet က ကန်ဒေါ်လာ ၁.၅ ဘီလီယံ ရှိပြီး BlackRock က ကန်ဒေါ်လာ ၁.၂ ဘီလီယဲ ရှိသည်။

စာရင်းပါ ကုမ္ပဏီ ၄၀ ခု တို့သည် စုစုပေါင်း ကန်ဒေါ်လာ ၆ ဘီလီယံ ဝန်းကျင် ရင်းနှီးမြှုပ်နှံထားကြသည်။ 

Source: Blockdata, benzinga

#MyanmarICTGuide 

Telegram Channel https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)