SONY ရုရှားမှထွက်ခွာ၊ KISS KOALA ထံ ဂီတလုပ်ငန်း လွှဲပြောင်း

SONY  ရုရှားမှထွက်ခွာ၊  KISS KOALA ထံ ဂီတလုပ်ငန်း လွှဲပြောင်း

 

ကမ္ဘာ့အကြီးဆုံး တေးဂီတထုတ်ဝေသူ Sony Music သည် ရုရှားနိုင်ငံမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ပါသည်။

၎င်း၏လုပ်ငန်းကိစ္စအဝဝတို့ကို ရုရှားကိုယ်စားလှယ်ရုံး၏ ဒါရိုက်တာဖြစ်သူ Arina Dmitrieva သို့ အာဏာကုန်လွှဲပြောင်းပေးရန်လည်း ဆုံးဖြတ်ခဲ့ပါသည်။

 

sony_music_0879789897987.png

 

 

 နိုင်ငံတကာမှ အနုပညာရှင်များ၏ တေးသီချင်းများ ဖြန့်ဝေခွင့်ကို မိခင်ကုမ္ပဏီက ရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့ပါသည်။ သို့ဖြစ်ရာ ရုရှားပြည်တွင်းမှ သီချင်းများကိုသာ ဆက်လက်ဖြန့်ဝေနိုင်မည် ဖြစ်ပါသည်။ Sony နှင့် စာချုပ်ထားသော ပြည်တွင်းမှ တေးဂီတသမားများ၏ တေးဂီတများကိုသာ အသုံးပြုနိုင်မည် ဖြစ်သည်။

  

 Sony Music သည် ရုရှားတွင် ၁၉၉၉ မှာ စတင်လုပ်ကိုင်ခဲ့ပါသည်။ ယခုအခါ ရုရှားဂီတဈေးကွက်တွင် ဈေးကွက်ဝေစု ၁၅-၂၀% ရရှိထားသည်ဟု ခန့်မှန်းပါသည်။

 ဝင်ငွေကို ကြည့်လျှင် Sony Music Entertainment LLC သည် ၂၀၂၁ တွင် ကန်ဒေါ်လာ ၄၂.၇ သန်း ရရှိခဲ့ပြီး အသားတင်အမြတ်ကန်ဒေါ်လာ ၂.၂၂ သန်း ရရှိပါသည်။

စက်တင်ဘာလ ၇ ရက်တွင် Sony Music Entertainment LLC ကို Kiss Koala LLC ဟု တရားဝင် အမည်ပြောင်းလဲခဲ့ပြီး ရုရှားမှ Sony Music  ၏ တေးဂီတလုပ်ငန်းကို လက်လွှဲပြောင်းခဲ့ပါသည်။

 

ကမ္ဘာ့ထိပ်တန်း တေးဂီတလုပ်ငန်းကြီး ၃ ခုမှာ  Sony Music ၊ Universal Music , Warner Music Group  တို့ ဖြစ်ပါသည်။

Source  : texterra

#MyanmarICTGuide 

Telegram Channel https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)