ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး တယ်လီဖုန်းကေဘယ်လ်ကွန်ရက်စနစ် အော်တိုတယ်လီဖုန်းဝန်ဆောင်မှုများ စက်တင်ဘာလ ၂၉ တွင် ရပ်ဆိုင်းမည်

ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး တယ်လီဖုန်းကေဘယ်လ်ကွန်ရက်စနစ်  အော်တိုတယ်လီဖုန်းဝန်ဆောင်မှုများ စက်တင်ဘာလ ၂၉ တွင် ရပ်ဆိုင်းမည်

ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးရှိ တယ်လီဖုန်းကေဘယ်လ်ကွန်ရက်စနစ် (Copper Cable Network) သုံး အော်တိုတယ်လီဖုန်းဝန်ဆောင်မှုများအား ရပ်ဆိုင်းသွားမည်

 မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးရှိ အိတ်ချိန်းများကို လက်ရှိအသုံးပြုနေသည့် တယ်လီဖုန်းကေဘယ်လ်ကွန်ရက်စနစ် (Copper Cable Network) အစား မြန်နှုန်းမြှင့် သတင်းအချက်အလက် ဝန်ဆောင်မှုပေးနိုင်သည့် ဖိုင်ဘာကေဘယ်လ်စနစ် (“FTTH စနစ်”) (နှင့်/သို့မဟုတ်) Fixed wireless စနစ် (“FWA စနစ်”) များကဲ့သို့သော အဆင့်မြင့်စနစ်များသို့ အိတ်ချိန်းအဆင့်မြှင့်တင်ဆောင်ရွက်ခြင်းကို MPT ၏ ဝက်ဘ်ဆိုက်နှင့် သတင်းစာများတွင် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် အတွင်း အသီးသီး ကြေညာခဲ့ပြီး ဖြစ်ပါသည်။

 

အဆိုပါတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်ပါသဖြင့် အောက်ဖော်ပြပါအိတ်ချိန်းရှိ တယ်လီဖုန်းကေဘယ်လ်ကွန်ရက်စနစ်  (Copper Cable Network) သုံး အော်တိုတယ်လီဖုန်း ဝန်ဆောင်မှုများအားလုံးကို (၂၀၂၂ ခုနှစ် ၊ စက်တင်ဘာလ ၂၉ ရက်) အတွင်း အပြီးတိုင် ရပ်ဆိုင်းသွားမည်ဖြစ်ပြီး သုံးစွဲသူများအနေဖြင့် တယ်လီဖုန်းကေဘယ်လ်ကွန်ရက်စနစ် (Copper Cable Network) သုံး အော်တိုတယ်လီဖုန်း ဝန်ဆောင်မှုများကို အသုံးပြုနိုင်တော့မည်မဟုတ်ပါကြောင်း MPT က အသိပေး ကြေညာထားပါသည်။

 

နယ်မြေ

အိတ်ချိန်း

ရပ်ဆိုင်းမည့် ဖုန်းနံပါတ်

အသစ် ပြောင်းလဲမည့် ဖုန်းနံပါတ်

ကြေညာခဲ့သည့် ဝက်ဘ်ဆိုက်လင့်ခ်

ရှမ်းပြည်နယ် (တောင်ပိုင်း)

နမ့်စန် အိတ်ချိန်း

၀၈၁-၈၀xxx

၀၈၁-၂၃၈၀xxx

http://bitly.ws/sWmG

ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)

တောင်ငူ အိတ်ချိန်း

၀၅၄-၂၃xxx~၀၅၄-၂၆xxx

၀၅၄-၂၈၂၃xxx~၀၅၄-၂၈၂၆xxx

http://bitly.ws/sWmG

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)

ပြည် အိတ်ချိန်း

၀၅၃-၂၄xxx~၀၅၃-၂၉xxx

၀၅၃-၂၀၂၄xxx~၀၅၃-၂၀၂၉xxx

http://bitly.ws/sWmG

 

သို့ဖြစ်ပါ၍ မြန်နှုန်းမြှင့် သတင်းအချက်အလက် ဝန်ဆောင်မှုပေးနိုင်သည့် MPT ၏ အော်တိုတယ်လီဖုန်း ဝန်ဆောင်မှုများကို ဆက်လက်အသုံးပြုလိုသော သုံးစွဲသူများသည် အောက်ပါဇယားတွင်ဖော်ပြထားသည့် MPT ရုံး သို့ ဆက်သွယ်နိုင်ကြောင်း သိရပါသည်။

 

နယ်မြေ

အိတ်ချိန်း

ဆက်သွယ်နိုင်မည့် MPT ရုံး ဖုန်းနံပါတ်

ရှမ်းပြည်နယ်
(တောင်ပိုင်း)

နမ့်စန် အိတ်ချိန်း

၀၈၁-၂၃၈၀၀၀

ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)

တောင်ငူ အိတ်ချိန်း

၀၅၄-၂၈၂၃၁၁၁

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)

ပြည် အိတ်ချိန်း

၀၅၃-၂၀၂၅၀၂၄

Source MPT

#ICTGuide

 Telegram Channel https://t.me/Guid4U

Read times
Rate this item
(0 votes)