XIAOMI ရဲ့ IPHONE 14 ကြိုးမဲ့အားသွင်းကိရိယာအသစ် အရောင်းရဆုံးဖြစ်နေ

XIAOMI ရဲ့  IPHONE 14 ကြိုးမဲ့အားသွင်းကိရိယာအသစ် အရောင်းရဆုံးဖြစ်နေ

 

iPhone 14 စီးရီး ထွက်လာတဲ့အခါ အီလက်ထရွန်းနစ်ပစ္သည်း ထုတ်လုပ်သူအများအပြားတို့က 

iPhone 14 အသစ်များအတွက် ဆက်စပ်ပစ္စည်းများကို ထုတ်လုပ်ရောင်းချကြတာ ထုံးစံပါပဲ။

 

Xiaomi_magnetic_wireless_power_bank_and_charger__1334.jpg

 

မမျှော်လင့်ဘဲ၊ Xiaomi ၏ အထူးဒီဇိုင်းထုတ်ထားသော iPhone အတွက် သံလိုက်ကြိုးမဲ့ အားသွင်းကိရိယာ ပါဝါဘဏ်ဟာ အရောင်းရဆုံး တွဲဘက်သုံးကိရိယာ ဖြစ်လာခဲ့ပါတယ်။

 

Xiaomi ဟာ ပြီးခဲ့တဲ့အပတ်က သယ်ဆောင်ရလွယ်ကူတဲ့ ဘက်ထရီ ပါဝါဘဏ်ကို စတင်ရောင်းချခဲ့ပါတယ်။ ပါဝါဘဏ်မှာ အတူတွဲစပ်ပေးထားတာတွေ ပါဝင်ပါတယ်။ တစ်ခုက magnetic adapter ဖြင့် လုပ်ကိုင်ပေးတဲ့ ကြိုးမဲ့အားသွင်း ကိရိယာ wireless charging station ဖြစ်ပါတယ်။ နောက်တစ်ခုက ဖုန်းကို ထောင်လိုက် ထောင်ပေးထားမဲ့ vertical stand ဖြစ်ပါတယ်။ 

 iPhone 13 series နှင့်  iPhone 12 series တို့အတွက် အထူးတလည် ဒီဇိုင်းထုတ်ပေးထားပြီး ယခု အသစ်ထွက်တဲ့ iPhone 14 အတွက်လည်း သုံးစွဲလို့ ရပါတယ်။ 

 Xiaomi magnetic wireless power bank and charger ကို ၁၉၉ ယွမ်($28) ဖြင့် ရောင်းချပါတယ်။ Xiaomi Mall မှာ လက်ကျန်မရှိ အကုန်လုံး ရောင်းရပါတယ်။

 

Xiaomi_magnetic_wireless_power_bank_and_charger_2.png

 

 

Xiaomi ရဲ့ သံလိုက် ကြိုးမဲ့ ပါဝါဘဏ် magnetic wireless power bank မှာ 5000mAh ဘက်ထရီ ထည့်ပေးထားပါတယ်။ Apple ရဲ့  MagSafe ဘက်ထရီက 2920mAh ဖြစ်ပါတယ်။ Xiaomi ရဲ့ ဘက်ထရီက ၁.၇ ဆ သာပါတယ်။

ဒီဇိုင်းက 3-1 ဒီဇိုင်း ဖြစ်ပါတယ်။ ပါဝါဘဏ်ပါတယ်။ သံလိုက်စက်ကွင်း ကြိုးမဲ့ အားသွင်း ကိရိယာ ပါတယ်။ ဖုန်းကို မတ်မတ်ထောင်ပေးထားမယ့် ထောက်လည်း ပါတယ်။

iPhone 12, iPhone 13, iPhone 14 စီးရီးများအတွက် သုံးစွဲလို့ ရတယ်။

အားသွင်းတဲ့အခါ ခလုတ်နှိပ်ဖို့ သတိမရလည်း ပူစရာ မလိုဘူး။ magnetic charging power bank အလိုအလျောက် အားသွင်း ပေးပါတယ်။ ကိရိယာပေါ်မှာ ဖုန်းကို နေသားတကျ တင်ပေးထားလိုက်ရုံပါပဲ။ အလိုအလျောက် သံလိုက်စက်ကွင်းဖြင့် အားစသွင်းပေးပါလိမ့်မယ်။ 

နောက်ထပ်ကောင်းချက်တစ်ခုက ပါဝါဘဏ်ကို အားသွင်းပေးနေစဉ်မှာ တစ်ချိန်တည်း တစ်ပြိုင်တည်း ဖုန်းကို အားသွင်းလို့ ရပါတယ်။ ဖုန်းအားသွင်းပြီးချိန်မှာ ပါဝါဘဏ်ကလည်း အားအပြည့် ဖြစ်နေမှာ ဖြစ်ပါတယ်။

 Type-C ကြိုးဖြင့်လည်း အားသွင်းလို့ ရပါတယ်။ ပါဝါဘဏ်ကို အားသွင်းရင် 20W အထိ လက်ခံပေးနိုင်ပါတယ်။ ပြန်ထုတ်ပေးရင်တော့ 12W က အမြင့်ဆုံး ဖြစ်ပါတယ်။ 

 

ဓာတ်စီးတာကိုလည်း အလွန်အကျွံ မဖြစ်အောင် ထိန်းကျောင်းပေးပါတယ်။ overcharge နှင့် overdischarge မဖြစ်အောင် ကာကွယ်ပေးပါတယ်။ သံလိုက်စက်ကွင်း စုပ်ယူတဲ့ သတ္တုက ကိရိယာပေါ် ရှိနေရင်လည်း သိနိုင်ပါတယ်။ 

Source my driver

#MyanmarICTGuide 

Telegram Channel https://t.me/Guid4U

 

Read times
Rate this item
(0 votes)