ဥရောပ၊ အာရှရှိ အချို့နိုင်ငံများတွင် App Store စျေးနှုန်းများကို Apple မြှင့်တင်မည်

ဥရောပ၊ အာရှရှိ အချို့နိုင်ငံများတွင် App Store စျေးနှုန်းများကို Apple မြှင့်တင်မည်

 

Apple သည် ဥရောပ၊ အာရှရှိ အချို့သောနိုင်ငံများတွင် App Store စျေးနှုန်းများကို မြှင့်တင်မည်ဖြစ်သည်။

.

Apple သည် ယူရိုဇုန်ရှိ နိုင်ငံများ အားလုံး၊အာရှနှင့် တောင်အမေရိကရှိ နိုင်ငံအချို့တွင် လာမည့်လမှစ၍ ၎င်း၏ App Store တွင် အက်ပ်များနှင့် အက်ပ်အတွင်း ဝယ်ယူမှုများ in-app purchases  နှစ်မျိုးစလုံးတွင် စျေးနှုန်းများ မြှင့်တင်မည်ဖြစ်ကြောင်း အင်္ဂါနေ့ (စက်တင်ဘာ ၂၀) တွင် ပြောကြားခဲ့သည်။

.

အလိုအလျောက် သက်တမ်းတိုး အခကြေးဖြင့် သုံးစွဲခြင်း auto-renewable subscriptions မှတစ်ပါး ကျန်သည်တို့ကို အောက်တိုဘာ ၅ ရက်မှစ၍ ဈေးနှုန်းအသစ်များ ပြောင်းလဲ ကောက်ခံသွားမည်ဟု Apple မှ ဘလော့ဂ်ပို့စ်တစ်ခုတွင်ပြောကြားခဲ့သည်။

.

စျေးနှုန်းမြင့်တက်မှုသည် ယူရိုဇုန်နိုင်ငံများ အားလုံးအပြင် ဥရောပရှိ ဆွီဒင်နှင့် ပိုလန်တို့လည်း အကျုံးဝင်သည်။ အာရှတွင် ဂျပန်၊ မလေးရှား၊ ပါကစ္စတန်၊ တောင်ကိုရီးယားနှင့် ဗီယက်နမ်တို့ ပါဝင်သည်။ တောင်အမေရိကတွင် ချီလီ ပါဝင်ပါသည်။

ဗီယက်နမ်ကဲ့သို့ နိုင်ငံအချို့အတွက် စျေးနှုန်းတိုးမြင့်ရခြင်းမှာ သုံးစွဲသူများထံမှ သက်ဆိုင်ရာ အစိုးရမှ ပြဋ္ဌာန်းသော အခွန်ကောက်ခံခြင်းဆိုင်ရာ စည်းမျဉ်းသစ်ကြောင့်ဖြစ်ကြောင်း Apple မှ ပြောကြားခဲ့သည်။

.

Apple ၏ သုံးလပတ် တစ်ခုအတွက် ဝင်ငွေမှာ ယခုအခါ အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ ဝန်းကျင် ရှိပါသည်။

Source: Reuters

#MyanmarICTGuide 

Telegram Channel  https://t.me/Guid4U

 

Read times
Rate this item
(0 votes)