AnTuTu စွမ်းပကားအကောင်းဆုံး Android စမတ်ဖုန်းစာရင်း ထုတ်ပြန်

AnTuTu စွမ်းပကားအကောင်းဆုံး Android စမတ်ဖုန်းစာရင်း ထုတ်ပြန်

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

စံသတ်မှတ်ပလက်ဖောင်း Benchmark platform တစ်ခုဖြစ်တဲ့  AnTuTu က လက်ရှိ ဝယ်ယူရရှိနိုင်သော Android စမတ်ဖုန်းများမှာ ဘယ်စမတ်ဖုန်းတွေက စွမ်းပကားအကောင်းဆုံးလဲ ဆိုတာ အဆုံးအဖြတ်ပြုပြီး စာရင်း ထုတ်ပြန်ပေးထားပါတယ်။

antutu.png

 

ထိပ်တန်း ၃ ခု စမတ်ဖုန်းတွေမှာ Qualcomm ရဲ့  Snapdragon 8+ Gen 1 SoC တွေချည်း ဖြစ်တာကို တွေ့ရပါတယ်။

ထိပ်တန်း ၁၀ ခု စမတ်ဖုန်းတွေမှာလည်း Qualcomm ရဲ့  Snapdragon 8+ Gen 1 SoC က ကြီးစိုးထားပါတယ်။

MediaTek ရဲ့ Dimensity 9000 ချစ်ပ် သုံးတဲ့စမတ်ဖုန်း တစ်ခုသာ ပါဝင်ပါတယ်။

.

နံပါတ်(၁) နေရာမှာ 16 / 512GB ပါတဲ့ ASUS ROG 6 ရှိနေပြီး အမှတ် 1,117,077 ရရှိပါတယ်။

ဒုတိယနေရာမှာ 18/256GB ပါတဲ့ ASUS ROG 6 Pro ရှိနေပြီး အမှတ် 1,116,637 ရရှိပါတယ်။ 

ASUS ROG 6  နှင့် ASUS ROG 6 Pro ၂မျိုးစလုံး gaming phone တွေဖြစ်ပါတယ်။

တတိယနေရာမှာ Xiaomi Mi 12T Pro ရှိနေပါတယ်။ အမှတ် 1,061,590 ရရှိပါတယ်။ Xiaomi Mi 12 Pro က နဝမနေရာမှာ ရောက်ရှိနေပါတယ်။

.

စတုတ္ထနေရာမှာ Red Magic 7 နှင့် ပဉ္စမနေရာမှာ Black Shark 5 Pro ရောက်ရှိနေပါတယ်။

ပထမမှ ပဉ္စမအထိ Snapdragon 8+ Gen 1 SoC ချစ်ပ် သုံးထားပါတယ်။

ဆဌမနေရာမှာ ရှိနေတဲ့  Vivo X80 မှာ Dimensity 9000 သုံးထားပါတယ်။

သတ္တမနေရာမှ ဒသမနေရာအထိ Snapdragon 8+ Gen 1 SoC ကို သုံးထားပါတယ်။

.

1. ASUS ROG 6 (1,117,077 points)

2. ASUS ROG 6 Pro (1,116,637 points)

3. Xiaomi Mi 12T Pro (1,061,590)

4. Red Magic 7 (1,055,626 points)

5. Black Shark 5 Pro (1,026,453 points)

6. Vivo X80 (1,005,160 points)

7. Motorola Edge 30 Pro (991,700 points)

8. Samsung Galaxy Z Fold4 5G (986,751 points)

9. Xiaomi Mi 12 Pro (983.457 points)

10. Motorola Edge X30 (979,697 points)

Source : AnTuTu

Read times
Rate this item
(0 votes)