iPhone 14 Pro အတွက် OLED panel များ LG ပေးသွင်းခွင့် ရရှိ

iPhone 14 Pro အတွက် OLED  panel များ LG ပေးသွင်းခွင့် ရရှိ

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Apple သည် iPhone 14 Pro မော်ဒယ်များအတွက် OLED panel များကို လက်ရှိပေးသွင်းသူ Samsung Display နှင့်အတူ LG Display ထံမှလည်း စတင်ရယူတော့မည် ဖြစ်သည်။

အစောပိုင်းတွင် Samsung Display သည် iPhone 14 စီးရီးမှ Pro မော်ဒယ်များအတွက် OLED panel များကို ပေးသွင်းခဲ့သည်။

ယခု Apple က LG Display ကိုလည်း OLED panel များ ပေးသွင်းရန် ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

.

 Apple ထံ ကာလရှည်ကြာ ပစ္စည်းပေးသွင်းခဲ့သူ LG Display သည် iPhone 14 Pro အတွက်low-temperature polycrystalline oxide (LTPO) Thin-Film Transistor (TFT) အမျိုးအစား OLED  (Organic Light Emitting Diode) panel များ ပေးသွင်းမည် ဖြစ်သည်။

.

LG Display သည် Pro မော်ဒယ်အတွက် ပစ္စည်းပေးသွင်းရန် လျာထားခံရသော်လည်း ထုတ်လုပ်မှုအပိုင်းတွင် နှောင့်နှေးနေခဲ့သဖြင့် Apple က Samsung Display ထံမှသာ ပစ္စည်း ရယူခဲ့သည်။  ယခုအခါ Apple ၏ ခွင့်ပြုချက်ကို LG Display ရရှိခဲ့သည်။

LTPO OLED ကို iPhone 13 Pro မှာ စတင်သုံးစွဲခဲ့သည်။

 

 Samsung Display က iPhone 14 စီးရီး မော်ဒယ် ၄ မျိုးစလုံးအတွက် ပစ္စည်းပေးသွင်းပြီး  LG Display က Pro မော်ဒယ် ၂ မျိုးအတွက်သာ ပစ္စည်းပေးသွင်းမည် ဖြစ်သည်။ 

Source news18

 TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times
Rate this item
(0 votes)