ကျန်ကျိုးမှ ကမ္ဘာ့အကြီးဆုံး iPhone စက်ရုံ လုပ်သားမရသဖြင့် စစ်မှုထမ်းဟောင်းများကို ဆင့်ခေါ်

ကျန်ကျိုးမှ ကမ္ဘာ့အကြီးဆုံး iPhone စက်ရုံ လုပ်သားမရသဖြင့် စစ်မှုထမ်းဟောင်းများကို ဆင့်ခေါ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

တရုတ်နိုင်ငံ ကျန်ကျိုးမှ ကမ္ဘာ့အကြီးဆုံး Foxconn iPhone စက်ရုံကို ကူညီပေးဖို့ အငြိမ်းစားစစ်မှုထမ်းဟောင်းများကို ဒေသအာဏာပိုင်တွေက ဆင့်ခေါ်လိုက်ပါတယ်။ 

၎င်းစက်ရုံအခြေအနေကြောင့် Apple က ပရီမီယံ iPhone 14 မော်ဒယ်လ် တင်ပို့ရောင်းချမှုအတွက် ခန့်မှန်းချက်ကို ပြီးခဲ့သည့် သီတင်းပတ်တွင် လျှော့ချခဲ့ရပါတယ်။

.

ကျန်ကျိုးရှိ Foxconn  iPhone စက်ရုံတွင် အငြိမ်းစားစစ်မှုထမ်းဟောင်းများနှင့် အငြိမ်းစားအစိုးရဝန်ထမ်းဟောင်းများအား တရုတ်နိုင်ငံ ဟီနန်ပြည်နယ်ရှိ ဒေသဆိုင်ရာအာဏာပိုင်များက ဆင့်ခေါ်ထားကြောင်း Shanghai Securities News က သတင်း ဖော်ပြခဲ့ပါတယ်။ 

.

ကမ္ဘာ့အကြီးဆုံး iPhone ထုတ်လုပ်ရေးစက်ရုံမှာ ကိုဗစ်စီမံချက်ကြောင့် ကုမ္ပဏီက အလုပ်သမားများစွာကို စက်ရုံဝင်းထဲမှာ အလုံပိတ်ထားခဲ့ရပါတယ်။ 

COVID-19 ပြန့်ပွားမှုကို ထိန်းချုပ်ရန် အစိုးရမှ ချမှတ်ထားသော အရေးယူဆောင်ရွက်မှုများအပေါ် လုပ်သားများ မကျေမနပ်ဖြစ်ကာ မကြာသေးမီရက်သတ္တပတ်များအတွင်း စက်ရုံမှ လုပ်သားအများအပြား ထွက်ပြေးခဲ့ကြပါတယ်။ 

ထွက်ပြေးပြီး နေရပ်ပြန်ရောက်နေတဲ့ လုပ်သားများကို အလုပ်ပြန်ဆင်းဖို့ ပါတီကေဒါများ စေလွှတ်ပြီး ခေါ်ခိုင်းခဲ့ပေမဲ့ မအောင်မြင့်ခဲ့ပါဘူး။

ယခုအခါ အငြိမ်းစားများကို ဆင့်ခေါ်ခဲ့ရာမှာ လက်ရှိ ရနေတဲ့ အငြိမ်းစားလစာနှင့် အထောက်အပံ့များကို ဆက်လက်ရရှိမှာ ဖြစ်တဲ့အပြင် စက်ရုံမှ ပေးတဲ့ လုပ်ခများ၊ ဆုကြေးများကိုလည်း ရရှိမယ်လို့ ဆိုပါတယ်။ 

အငြိမ်းစားအစိုးရဝန်ထမ်းများကို စက်ရုံမှာ အလုပ်လုပ်ရင် ဆုကြေး ယွမ် ၈၀၀ ($112.9) ရရှိမှ ဖြစ်ပြီး ရက်ပေါင်း ၃၀ အလုပ်ဆင်းပြီးချိန်မှာ လုပ်ခရမှာဖြစ်တဲ့အပြင် ဆုကြေး ယွမ် ၃,၀၀၀ ($423.5)  ရရှိမှာ ဖြစ်ပါတယ်။ ထို့အပြင် လက်ရှိရနေတဲ့ အငြိမ်းစားလစာနှင့် ခံစားခွင့်ကိုလည်း ရရှိမှာ ဖြစ်ပါတယ်။ 

.

ခရစ်စမတ် နှစ်သစ်ကူး ဈေးရောင်းကာလ ရောင်းအားတက်ချိန်ကို အလျဉ်မီအောင်  iPhone   Pro များကို ထုတ်လုပ်နိုင်ဖွယ်မရှိဘူးလို့ လေ့လာဆန်းစစ်သူများကို ကောက်ချက်ချထားကြပါတယ်။ 

Source foxbusiness

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)