MPT သုံးစွဲသူများ FIFA World Cup 2022 တိုက်ရိုက်ပွဲစဉ်များကို MPT IPTV တွင် ဝန်ဆောင်ခ ပေးစရာမလိုဘဲ ကြည့်ရှုနိုင်မည်

MPT သုံးစွဲသူများ FIFA World Cup 2022 တိုက်ရိုက်ပွဲစဉ်များကို MPT IPTV တွင် ဝန်ဆောင်ခ ပေးစရာမလိုဘဲ ကြည့်ရှုနိုင်မည်  

မြန်မာဘောလုံးချစ်သူများအတွက် World Cup 2022 ပွဲစဥ်ကာလအတွင်း MPT မှ အထူးအစီအစဥ်များ  မကြာမီ လာတော့မည် 

 

မြန်မာဘောလုံးချစ်သူများအတွက် စိတ်လှုပ်ရှားဖွယ်ရာ အခိုက်အတန့်များကို ဆောင်ကြဉ်းပေးနိုင်ရန်နှင့် FIFA World Cup 2022 ကို ကမ္ဘာတစ်ဝှမ်းရှိ အခြားသော ဘောလုံးချစ်သူများနှင့်အတူ တစ်ချိန်တည်း ကြည့်ရှုနိုင်စေရန် မြန်မာနိုင်ငံ၏ ပထမဦးဆုံး နှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT သည် မြန်မာနိုင်ငံတွင် FIFA World Cup 2022 အတွက် တရားဝင် သီးသန့်ထုတ်လွှင့်သူဖြစ်သည့် SKYNET နှင့် “တယ်လီကွန်း ပါတနာ” အဖြစ် ပူးပေါင်းကာ စိတ်လှုပ်ရှားဖွယ်ရာ FIFA World Cup 2022 ပွဲစဉ်များကို MPT IPTV မှတစ်ဆင့် MPT သုံးစွဲသူများ ကြည့်ရှုနိုင်ရေးအတွက် ယူဆောင်လာပြီဖြစ်သည်။ ထို့ပြင် MPT မှ သုံးစွဲသူများအတွက် စိတ်လှုပ်ရှားစရာ အထူးအစီအစဥ်များကိုလည်း စီစဥ်ထားရှိပြီး မကြာမီ ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပါသည်။ 

.

SKYNET ရုပ်သံလိုင်းနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုအရ MPT သုံးစွဲသူများအနေဖြင့် FIFA World Cup 2022 ၏ တိုက်ရိုက်ပွဲစဉ်များအား MPT မိုဘိုင်းလ်ကွန်ရက်ကို အသုံးပြုပြီး ဝန်ဆောင်ခ ပေးရန်မလိုဘဲ နိုဝင်ဘာလ (၂၀) ရက်မှ စတင်၍ “MPT IPTV” ပေါ်တွင် အချိန်မရွေး နေရာမရွေး ကြည့်ရှုနိုင်မည်ဖြစ်သည်။ ထို့အပြင် MPT သုံးစွဲသူများသည် ပွဲစဉ်များကို သီးသန့်ရုပ်သံလိုင်းများဖြစ်သည့်SPORTS-6 နှင့် SPORTS-1 တို့မှလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။ 

.

ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာ MPT အနေဖြင့် သုံးစွဲသူများအတွက် စိတ်လှုပ်ရှားမှုများသာမက စိတ်အပန်းဖြေမှုကိုပါ ယူဆောင်လာစေရန် ရည်ရွယ်ပြီး စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ FIFA World Cup 2022 ကို နိုဝင်ဘာလ ၂၀ ရက်မှ ဒီဇင်ဘာလ ၁၈ ရက်အတွင်း ကျင်းပသွားမည်ဖြစ်ပြီး အုပ်စု ၈ခုခွဲကာ နိုင်ငံအသင်း (၃၂) သင်းဖြင့် စတင်ကျင်းပသွားမည်ဖြစ်သည်။ 

.

“MPT IPTV” သည် သုံးစွဲရလွယ်ကူသော အက်ပလီကေးရှင်းတစ်ခုဖြစ်ပြီး Android နှင့် iOS အက်ပလီကေးရှင်းနှစ်ခုလုံးတွင် အသုံးပြုနိုင်သည်။ သုံးစွဲသူများအနေဖြင့် MPT IPTV ကို အောက်ပါ နည်းလမ်းများအတိုင်း ရယူ အသုံးပြုနိုင်မည်ဖြစ်သည်။ 

.

၁။ https://bit.ly/mpt-iptv--pr

 (mobile browser ဖြင့် ဝင်ရောက်ရန်) 

.

၂။ USSD *7373# သို့ ခေါ်ဆို၍ ရယူနိုင်ခြင်း  

.

၃။ MPT4U အက်ပလီကေးရှင်း (သို့မဟုတ်) ဝက်ဘ်ဗားရှင်းမှတစ်ဆင့် ဝန်ဆောင်မှု သင်္ကေတများပေါ်တွင် ပြသထားသည့် “MPT IPTV” သင်္ကေတကို နှိပ်ခြင်းဖြင့်  ဝင်ရောက်ကြည့်ရှုနိုင်ခြင်း 

.

၄။ လိုတရ ဝက်ဘ်ပေါ်တယ်မှ ဒေါင်းလုဒ်လုပ်၍ ရယူခြင်း
- https://bit.ly/lotaya-worldcup--pr

.

MPT IPTV တွင် ထင်ရှားသော ပြည်တွင်းနှင့်နိုင်ငံတကာ ရုပ်သံလိုင်းများ၊ တီဗွီရုပ်သံလိုင်းများ အပါအဝင် နာမည်ကြီး ပြည်တွင်း ပြည်ပ ရုပ်ရှင်များ၊ ဒရာမာရှိုးများ၊ မှတ်တမ်းရုပ်ရှင်များနှင့် ကလေးများအတွက် အစီအစဉ်များစွာ ပါဝင်ပါသည်။ သုံးစွဲသူများသည် MPT IPTV မှတစ်ဆင့် အဆိုပါရုပ်သံလိုင်းအစီအစဥ်များကို မိသားစုများ သို့မဟုတ် သူငယ်ချင်းများ နှင့်အတူ ကြည့်ရှုရင်း ပျော်ရွှင်ဖွယ်အချိန်များကို ခံစားနိုင်မည်ဖြစ်သည်။ 

.

MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT အနေဖြင့် သုံးစွဲသူများအတွက် ဆန်းသစ်ပြီး အဆင်ပြေလွယ်ကူသော ဝန်ဆောင်မှုများပေးအပ်နိုင်ရန် အစဉ်အမြဲ ကြိုးပမ်းလျက် ရှိပါသည်။  

.

MPT IPTV အကြောင်း ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm နှင့် တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးသည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။ 

.

.

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအကြောင်း  

.

MPT သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင် ဆက်သွယ်ရေး အော်ပရေတာဖြစ်ပြီး၊ နှစ်ပေါင်း ၁၃၀ ကျော် ကြာအောင် ဆက်သွယ်ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုတွင် ဦးဆောင်လာခဲ့သူဖြစ်ပါသည်။ ကြိုးဖုန်းနှင့် မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှုများအား ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များထံ ဆောင်ရွက်ပေးလျက်ရှိပြီး တစ်နိုင်ငံလုံးသို့ လွှမ်းခြုံထားသည့် အကြီးမားဆုံး 3G ကွန်ရက်ကို ပိုင်ဆိုင်ထားကာ မြန်မာနိုင်ငံ၏ အမြန်ဆုံးနှင့် အဆင့်အမြင့်ဆုံး MIMO 4X4 နည်းပညာ အသုံးပြုထားသော 4G/ LTE+ ကွန်ရက်ကိုလည်း ပိုင်ဆိုင်ထားပါသည်။  

.

၂၀၁၄ ဇူလိုင်လတွင် MPT သည် KDDI Summit Global Myanmar (KSGM) နှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် အား လက်မှတ်ရေးထိုးခဲ့ပါသည်။ KSGM သည် ဂျပန်ပူးပေါင်းဆောင်ရွက်သူများဖြစ်ကြသည့် KDDI Corporation (KDDI) နှင့် Sumitomo Corporation (Sumitomo) တို့မှ ပိုင်ဆိုင်ထားခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်း ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအား အရှိန်မြှင့်တင်နိုင်ရန်အတွက် MPT အနေဖြင့် KDDI နှင့် Sumitomo တို့ ပူးပေါင်းပြီး ဆယ်နှစ်အတွင်း ဒေါ်လာ ၂ ဘီလျံ ရင်းနှီးမြှုပ်နှံကြရန် ရည်ရွယ်ခဲ့ကြပါသည်။ အဆိုပါဆောင်ရွက်ချက်မှာ မြန်မာနိုင်ငံသမိုင်းတွင် ဂျပန်နိုင်ငံ၏ အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံမှုများထဲမှ တစ်ခု ဖြစ်ခဲ့ပါသည်။  

.

MPT အနေဖြင့် ဝန်ထမ်းပေါင်း ၈ ထောင်ကျော်နှင့်အတူ KSGM နှင့် ပူးပေါင်းပြီး ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအား စဉ်ဆက်မပြတ် အားစိုက်ဆောင်ရွက်နေကာ တာဝန်သိမှုလူမှုအကျိုးပြုလုပ်ငန်း (Corporate Social responsibility) ဆိုင်ရာ တန်ဖိုးများအား လေးစားလိုက်နာလျက် မြန်မာနိုင်ငံအား ရှေ့သို့လှမ်းနိုင်စေ ရန် ဆောင်ရွက်လျက်ရှိပါသည်။ MPT အနေဖြင့် လက်ရှိတွင် သုံးစွဲသူ ၂၁ သန်းကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။  

.

အခြားသောအချက်အလက်များနှင့် ပိုမိုတိကျသည့် စည်းမျဉ်းစည်းကမ်းများအတွက် www.mpt.com.mm  တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ (သို့မဟုတ်) ၁၀၆ သို့ ခေါ်ဆို၍ စုံစမ်းမေးမြန်းနိုင်ပါသည်။  မြန်မာနိုင်ငံအတွင်းရှိ လူငယ်ဖွံ့ဖြိုးတိုး တက်ရေး အစီအစဉ်များနှင့်ပတ်သက်၍ MPT ၏ လှုပ်ရှားမှုများအား ပိုမိုသိရှိလိုပါက http://mptcsr.foc.lotayamm.com/mptyouth  သို့ သွားရောက်ပြီး သတင်းအချက်အလက်များ စုံလင်စွာပါရှိသည့် ကော်ပိုရိတ်ဗီဒီယိုအား အခမဲ့ကြည့်ရှုနိုင်ပါသည်။  

MPT Customers Can Enjoy FIFA World Cup 2022 (LIVE) Matches On MPT IPTV Without Requiring Any Subscription Fees 

Special Offers Will Be Coming Soon For Myanmar Football Lovers during World Cup Period 

To bring excitement to Myanmar Football lovers and enable them to enjoy FIFA World Cup 2022 the same time with other football lovers around the world, MPT, Myanmar’s first and leading telecommunications operator has brought the FIFA World Cup 2022 contents through MPT IPTV in collaboration with SKYNET who is the official exclusive broadcaster for FIFA World Cup 2022 in Myanmar as a “Telecom Partner”. In addition, MPT has initiated special offers to enhance expectation of its users and this arrangement will be coming soon.  

In collaboration with SKYNET, all MPT customers can watch FIFA World Cup 2022 (LIVE) matches anytime anywhere on “MPT IPTV” through MPT mobile network without subscription fees starting from 20th November 2022. MPT customers also can enjoy Live Broadcast Channels on SPORTS-6 & SPORTS-1. 

As a true local operator, MPT intends to bring not only excitements but also relaxation to the customers. The FIFA World Cup 2022 is scheduled to take place from 20th November 2022 to 18th December 2022 and it will begin with 32 national teams in eight groups of four. 

MPT IPTV” is user friendly, and it is available on both Android and iOS applications. Users can also access MPT IPTV from- 

  1. https://bit.ly/mpt-iptv--pr (with mobile browser)  

  2. By dialing USSD: *7373#.  

  3. Via MPT4U application or web version by clicking on “MPT IPTV” icons which showed on service icons area.  

  4. Download from LoTaYa web portal; https://bit.ly/lotaya-worldcup--pr  

 .

MPT IPTV includes famous local and international channels, a variety of video-on-demand contents including famous international and local movies, drama shows, documentaries and kids’ programs. Customers can enjoy fun and joyous moments with families or friends by watching these programs through MPT IPTV.  

 .

Thank you everyone for using MPT services as always. MPT is always trying to innovate and serve our customers better. 

For more information about MPT IPTV, visit MPT official website www.mpt.com.mm and chat with MPT’s Chatbot services at MPT4U App, Viber or dial 106 Call Center. 

About MPT  

MPT is the first and leading telecommunications operator in Myanmar and has been championing the development of the telecommunications industry for over 130 years. It provides both fixed and mobile telecommunication services to people and enterprises, including nationwide largest 3G network and Myanmar’s fastest, most advanced MIMO 4X4 powered data service known as 4G/ LTE+.  

In July 2014, MPT signed a Joint Operations Agreement with KDDI Summit Global Myanmar (KSGM), whose ultimate ownership is held by Japanese partners KDDI Corporation (KDDI) & Sumitomo Corporation (Sumitomo). Together, KDDI and Sumitomo have committed to invest over 2 billion dollars of ten years to accelerate the development of MPT and Myanmar’s telecommunications industry. This commitment is among the largest historical Japanese investments in the country. 

Together with its workforce of over 8,000 employees and KSGM, MPT is committed to continually driving the development of the sector, upholding its values of social responsibility, and moving Myanmar forward. Currently, MPT is providing its services to over 21 million users. 

For more information and detailed terms and conditions, visit www.mpt.com.mm or call 106. To learn more about MPT’s activities focusing on youth development in Myanmar, please go to http://mptcsr.foc.lotayamm.com/mptyouth  to view its informative free-to-watch corporate video. 

Read times
Rate this item
(0 votes)