Google Wallet ထိုင်းနိုင်ငံတွင် စတင် iPhone မရသေး

Google Wallet  ထိုင်းနိုင်ငံတွင် စတင် iPhone မရသေး

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Google ရဲ့ e-wallet သုံးစွဲလို့ ရတဲ့ အရှေ့တောင်အာရှနိုင်ငံများ ထပ်တိုးလိုက်ပါပြီ။ ထိုင်းနှင့် ဗီယက်နမ်တို့မှာ Google Wallet စတင်လိုက်ပါတယ်။ 

Visa က မလေးရှားနိုင်ငံမှာ Google Wallet ဖြင့် Visa ကို မကြာခင်မှ သုံးလို့ရတော့မယ်လို့ ကြေညာပါတယ်။ 

 

ယခုအခါ Google Wallet သုံးလို့ရတဲ့ နိုင်ငံ စုစုပေါင်း ၅၇ နိုင်ငံရှိပြီ ဖြစ်ပြီး စင်ကာပူ၊ တိုင်ဝမ်၊ ဟောင်ကောင်တို့လည်း ပါဝင်ပါတယ်။ 

 

လေယာဉ်စီးဖို့အတွက် Google  က AirAsia , China Air အပါအဝင် လေကြောင်းလိုင်း အချို့နှင့် လက်တွဲထားပါတယ်။ 

 

Google Wallet ဟာ သုံးစွဲသူများက   စမတ်ဖုန်း သို့မဟုတ် စမတ်နာရီမှ လျင်မြန်စွာဖြင့် လူချင်း ထိတွေ့မှုမဲ့ ငွေပေးချေမှုများ ပြုလုပ်နိုင်စေမည့် အခမဲ့မိုဘိုင်းငွေပေးချေမှုစနစ်တစ်ခုဖြစ်ပါတယ်။ ငွေစက္ကူမဲ့ လူ့အဖွဲ့အစည်းအတွက် ကိရိယာတစ်ခုလည်း ဖြစ်ပါတယ်။ 

 

Google Wallet ကို credit/debit ကဒ်နှင့် ချိတ်ထားလိုက်ပြီးရင် Google နှင့် လက်တွဲထားတဲ့ လုပ်ငန်းတွေထံ ငွေပေးချေဖို့ Google Wallet ကို သုံးစွဲနိုင်ပါတယ်။ ထိုင်းနိုင်ငံမှာ 7-Eleven, McDonald’s,  Gourmet Market အစရှိသည့် လုပ်ငန်းများနှင့် Google လက်တွဲထားပါတယ်။ 

ထိုင်းနိုင်ငံသားများအဖို့ TrueMoney Wallet ဖြင့် 7-Eleven ဆိုင်တွေမှာ ငွေပေးချေနိုင်ကြပါတယ်။ TrueMoney Wallet ကို စာရင်းဖွင့်တဲ့အခါ နိုင်ငံသားကတ် စိစစ်အတည်ပြုခြင်း  ID verification  လုပ်ဖို့ လိုပါတယ်။ နိုင်ငံခြားသားများအဖို့ နိုင်ငံသားကတ် စိစစ်အတည်ပြုခြင်း အဆင့် မပါဘဲ စာရင်ဖွင့်လို့ရတဲ့ Google Wallet  က ပိုအဆင်ပြေပါတယ်။ 

 

Google Wallet က ထိုင်းမှာ ဘဏ်နှစ်ခုကိုသာ လက်တွဲထားပါတယ်။ Bangkok Bank နှင့် Krungthai Bank တို့ ဖြစ်ပါတယ်။ Visa နှင့်  Mastercard တို့ဖြင့် သုံးနိုင်ပါတယ်။ 

Android ဖြင့်သာ ရရှိပြီး iOS ဖြင့် မရသေးတာကြောင့် iPhone ဖြင့် အသုံးပြု၍ မရသေးပါ။

 

Source thethaiger

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times
Rate this item
(1 Vote)